တူနဲမဖွယ်မရာပြုလုပ်တဲ့ Customer ကိုပြန်ရန်တွေ့ ပေါက်ကွဲခဲ့တဲ့ Sushi model
ပထမတော့ ဒါဟာ မတော်တဆမှုလို့ပဲ ထင်ခဲ့တာ၊ ဒါပေမဲ့ နောက်တော့ ဒါဟာ အသားယူနေတာသာ ဖြစ်တယ်ဆိုတာကို သတိထားမိလိုက်တယ်” လို့ Sushi Model က South China Morning Post ကို ပြောပါတယ်။ ဒီလိုဝန်ဆောင်မှုပေးတဲ့ အလေ့အထဟာ ဂျပန်နိုင်ငံမှာ စတင်ခဲ့တာ ဖြစ်ပြီး ဂျပန် စကားနဲ့ဆိုရင် “Nyotaimori” ၊ မြန်မာလိုဆိုရင် “အမျိုးသမီး ခန္ဓာကိုယ်ပေါ်မှာ စားစရာတွေ တင်ပြီး ၀န်ဆောင်မှုပေးခြင်း” ကို ဆိုလိုတာ ဖြစ်ပါတယ်။
အွန်လိုင်းမှာ ပျံ့နှံ့သွားတဲ့ ဒီအဖြစ်အပျက်ရဲ့ ဗီဒီယိုဖိုင်ထဲမှာ မြင်တွေ့ရပုံအရ စားသုံးသူအမျိုးသားဟာ တူကို သုံးပြီး အမျိုးသမီးခန္ဓာကိုယ်ရဲ့ ပြောလို့မကောင်းတဲ့နေရာကို တို့ထိခဲ့ရင်းကနေ အပြန်အလှန် စကားများခဲ့ကြတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့ပြင် အမျိုးသမီးဟာ စားသုံးသူ အမျိုးသားကို အသားစ တချို့နဲ့ ပစ်ပေါက်ပြီး ထွက်ခွာသွားတာကိုလည်း ဗီဒီယို ဆုံးခါနီးမှာ မြင်တွေ့ရဦးမှာပါ။
တရုတ်က စားသောက်ဆိုင်တစ်ခုမှာ ဂျပန်စားဖွယ်တစ်မျိုးဖြစ်တဲ့ Sushi ကို ခန္ဓာကိုယ်ပေါ်တင်ပြီး ၀န်ဆောင်မှုပေးနေတဲ့ Sushi Model ကို စားသုံးသူအမျိုးသားက တူနဲ့ မဖွယ်မရာ ပြုလုပ်ခဲ့တဲ့ အတွက် Model ရဲ့ ပြန်ရန်တွေ့တာကို ခံလိုက်ရတယ်လို့ မေ ၃၀ ရက်က Nextshark.com သတင်း ၀က်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံ၊ Taiyuan မြို့က စားသောက်ဆိုင် တစ်ခုမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး အမျိုးသမီးဟာ မပေါ်တပေါ်ဝတ်စားထားသလို ခန္ဓာကိုယ်ပေါ်မှာလည်း Sushi တင်လို့ လဲလျောင်းရင်း ၀န်ဆောင်မှုပေးနေတာပဲ ဖြစ်ပါတယ်။
Phothutaw Team (www.phothutaw.com)

No comments: