သားအဖနှစ်ဦး အဓမ္မပြုကျင့်ပြီး ကိုယ်ဝန်ရချိန်တွင် သားဖြစ်သူနှင့် ထိမ်းမြားစေမှုဖြစ်ပွား အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ >>>>>>
ဆယ်ကျော်သက် မိန်းကလေးတစ်ဦးကို အိမ်နီးချင်း ဆယ်အိမ်မှူးဖြစ်တဲ့ သားအဖ နှစ်ယောက် အဓမ္မပြုကျင့်ကာ ကိုယ် ဝန်ရှိလာချိန်တွင် သားဖြစ်သူ နဲ့ လက်ထပ်ပေးခဲ့ကြောင်း သိရပါတယ်။
လှည်းကူးမြို့နယ် သပိတ်ကုန်းအိမ်ရာနေ အဋ္ဌမတန်းတက်နေတဲ့ အမျိုးသမီးငယ်သည် နေအိမ်မှာ ရုပ်ရှင်ကြည့်နေစဉ် အိမ်နီးချင်း ကိုစိုးသူက ၂၀၁၆ ဇူလိုင်မှာ အဓမ္မပြုကျင့်ခဲ့ပြီး ကိုစိုးသူ ရဲ့ အဖေ ဆယ်အိမ်မှူး ဦးလှစိုး က ၂၀၁၆ သြဂုတ် လမှာ အဓမ္မပြုကျင့်ခဲ့တယ်လို့ ကျူးလွန်ခံရသူ အမျိုးသမီး ကပြောပါတယ်။
အမျိုးသမီးရဲ့ မိခင်ဟာ ရန်ကုန် ကနေ မွန်ပြည်နယ် မော်လမြိုင် ကို ကုန်ရောင်းကုန်ဝယ် သွားလေ့ရှိပြီး သမီးဖြစ်သူကို မိသားစုကဲ့သို့ ခင်မင်တဲ့ အိမ်မှာ စောင့်ရှောက်ရန် ၄င်း အမျိုးသမီးကို အပ်နှံထားလေ့ရှိကြောင်း သိရပါတယ်။
အမျိုးသမီးလေးဟာ အဋ္ဌမတန်း တက်နေပြီး ကိုယ်ဝန်လေးလ ရှိမှ မိခင်က မေးမြန်းရာ ဦးလှစိုးရဲ့ သားက အဓမ္မပြု ကျင့်တယ်လို့ 7Day Daily မှာ ဖော်ပြထားပါတယ်။‘‘သူ့သားက လူလွတ်ဆို တော့ ကလေးအဖေအမည်ဖော် နိုင်အောင် တာဝန်ယူမယ်ထင်လို့ ပါ။ လက်ထပ်ပြီးတော့ နင့် ကလေးကို မွေးချင်မွေး၊ မမွေးချင်နေဆိုပြီး ပိုက်ဆံထုတ်ပေးတယ်။ နောက် ပျောက်သွားတာပဲ’’ ဟု အဆိုပါ မိန်းကေ လးကပြောသည်။
၂၀၁၇ မတ်လမှာ ကလေး မွေး ပြီးချိန် စိုးသူရကို မတွေ့ရ သကဲ့သို့ ထောက်ပံ့ငွေလည်း မရ ရှိတော့ပေ။ ထိုအချိန်ကျမှ သား နှင့် အဖေကပါ အဓမ္မပြုကျင့်ခဲ့ ကြောင်း သမီးဖြစ်သူက ထုတ် ဖော်ပြောသည်ဟု အဆိုပါ အမျိုးသမီး ရဲ့ မိခင်က ပြောပါတယ်။
၂၀၁၇ ဧပြီ ၂၁ ရက် နဲ့ ၂၈ ရက်မှာ သားအဖနှစ်ယောက်စလုံးကို လှည်းကူးမြို့မရဲစခန်းမှာ မုဒိမ်းမှုနဲ့ တိုင်ကြားခဲ့ပေမယ့် ရဲစခန်းက ကာမလိမ်လည်ရယူမှု ပုဒ်မ ၄၁၇ နဲ့ အမှုဖွင့်ပေးခဲ့ကြောင်း၊ မေလ ၁၀ ရက်တွင် အဖေဖြစ်သူကိုသာ မုဒိမ်း မှုပုဒ်မ ၃၇၆ နဲ့ ပြောင်းလဲဖွင့် ပေးရန်တိုင်ကြားရာ ရဲစခန်းကအမှုဖွင့်လက်ခံကြောင်း ယင်းအမှုကို ကူညီနေသူ ဆယ် အိမ်မှူး ဦးစိန်ဝိုင်းက စာရွက်စာတမ်း အထောက်အထားနှင့်တကွ ရှင်းပြ တယ်လို့ 7Day Daily မှာ ဖော်ပြ ထားပါတယ်။ယင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမှုဖွင့်ထားသည့် လှည်းကူးမြို့မ ရဲစခန်းကို သွားရောက်မေးမြန်း ရာ စခန်းမှူးက မဖြေ ကြားနိုင် ကြောင်း ဖော်ပြထားပါတယ်။
Our Terms and Conditions: Read Here! | Our DMCA – Copyright Policy: Read Here!

No comments: