S

ပုံ​လေးကိုတစ်​ချက်​နှိပ်​​ပေးခဲ့​နော်​​ကျေးဇူးတင်​ပါတယ်​။

နိုင်ငံကျော် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် ရဲတိုက် သူ၏ကျန်းမာရေးအခြေအနေကြောင့် ထောင်မှလွတ်ပြီ။

နိုင်ငံကျော် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် ရဲတိုက် သူ၏ကျန်းမာရေးအခြေအနေကြောင့် ထောင်မှလွတ်ပြီ။
=============================
ဇွန်၊ ၂
ရန်ကုန်

နိုင်ငံကျော် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် ရဲတိုက်သည် မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် တောင်ငူထောင်တွင် အပြစ်ဒဏ်ကျခံနေရကာ သူ၏ကျန်းမာရေးအခြေအနေကြောင့် ယနေ့ တောင်ငူ အကျဉ်းထောင်မှပြန်လည်လွတ်မြောက်ခဲ့ပါသည်။

အဆိုပါ သတင်းအတွက် Yangon News သတင်းဌာန၏ တောင်ငူမြို့ခံ မှုခင်းသတင်းထောက် သောင်းအေးမှ ရဲတိုက်အား ယခုလို သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါသည်။

သောင်းအေး။ ။ ကိုရဲတိုက်ရေ မင်္ဂလာပါ .. ကျွန်တော်ကတော့ ရန်ကုန်နယူးစ်သတင်းစာတိုက်က မှုခင်းသတင်းထောက် သောင်းအေးပါ ခင်ဗျာ။

ရဲတိုက်။ ။ ဟုတ်ကဲ့ မင်္ဂလာပါ ခင်ဗျာ။

သောင်းအေး။ ။ ကိုရဲတိုက် အပြစ်ဒဏ်က လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့တာနဲ့ပက်သက်ပြီး ပရိတ်ကြီးကို ဘာများပြောချင်ပါ သလဲခင်ဗျာ။

ရဲတိုက်။ ။ ပျော်တာပေါ့ဗျာ.... ကျွန်တော်အရင်က အမှားတွေအများကြီးလုပ်ခဲ့မိပါတယ်။ အဲ့ဒီအတွက်ထောင်ထဲမှာ အချိန်အကြာကြီးပြန်လည်ပေးဆပ်ခဲ့ရပါတယ်။ ထောင်ထဲမှာ ကျွန်တော့် ကျန်းမာရေးအခြေအနေက မကောင်းဘူးဗျ။ ပွင့်ပွင့်လင်းလင်းပြောရရင် ထောင်ထဲမှာ ကြမ်းပိုးတွေကိုက်လို့ ကျွန်တော့်တစ်ကိုယ်လုံး ဝဲ တွေချည်းပဲ။ ချောင်းလည်းအရမ်းဆိုးတယ်။
လူတစ်ကိုယ်လုံးလည်း ကြမ်းပိုးကိုက်လို့ ဝဲပေါက်တာရယ် ချောင်းဆိုးတာရယ်ကြောင့် မထနိုင်တော့ဘူး။ အခု မိုးတွင်းဆိုတော့ အရမ်းအေးတယ်။ ကျွန်တော် ထပ်နေရင် ထောင်ထဲမှာပဲ သေသွားနိုင်တယ်။  အဲ့တာနဲ့ အသနားခံစာတင်လိုက်တော့ ဒီနေ့ပဲလွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်လာတာပါ။ ဒါပေမဲ့ အပြင်မှာ အေးအေးဆေးဆေးနေပြီး ဆေးကုပါ့မယ်လို့ ဝန်ခံကတိ လတ်မှတ်ထိုးခဲ့ရပါတယ်။ အရင်လို မူးယစ်ဆေးဝါးတွေလည်း မသုံးတော့ပါဘူး ။ ဇတ်ကားရိုက်ကူးမှုတွေတော့ ပြုလုပ်ဦးမှာမဟုတ်သေးပါဘူး။ ကျွန်တော်အေးအေးဆေးဆေး အနားယူဦးမှာပါခင်ဗျာ။

သောင်းအေး။ ။ အကို့ကိုအားပေးတဲ့ပရိတ်သတ်ကြီးအတွက် ဘာများပြောချင်ပါသလဲခင်ဗျာ။

ရဲတိုက်။ ။ ကျွန်တော် ကျန်းမာရေးကောင်းတာနဲ့ ကျွန်တော့်အကြောင်းကို ကျွန်တော်ကိုယ်တိုင် ခံစားရေးသားထားတဲ့ " ထောင်ထဲက ပွတ်ချွန်းဘုရင်" ဇတ်ကားတစ်ကား ပွဲဦးထွက်အနေနဲ့ ဆာကူရာ ရုပ်ရှင်ရိုက်ကူးရေးနှင့် ရိုက်ကူးသွားမှာဖြစ်ပါတယ်။
အဲ့ဒီဇတ်ကားထွက်လာရင် အားပေးကြပါအုံးခင်ဗျာ။ ပရိတ်သတ်ကြီးအားလုံးလည်း အဆင်ပြေပါစေ။

သောင်းအေး။ ။ ဟုတ်ကဲ့ပါ အခုလိုဖြေကြားပေးတဲ့ အတွက် Yangon News မှ ကျေးဇူးတင်ပါတယ်။

ရဲတိုက်။ ။ ဟုတ်ကဲ့.. .. ကျွန်တော်ကလည်း အခုလိုဖြေကြားခွင့်ရတဲ့အတွက် ရန်ကုန်နယူးစ်ကို ကျေးဇူးတင်ပါတယ် ။

ရုပ်ရှင်သရုပ်ဆောင် ရဲတိုက် ပြန်လည်လွတ်မြောက်လာခဲ့သည့်အတွက် ရန်ကုန်နယူးစ် သတင်းဌာနမှလည်း ကိုရဲတိုက်နှင့်ထပ်တူထပ်မျှ ဝမ်းသာပျော်ရွှင်ရပါသည်။

#Yangonnews
#ye5278@y
www.ygnnews.com.mm

No comments:

Powered by Blogger.