ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ကိုယ်ရေးအရာရှိ မြေကိစ္စလာဘ်စား၊ တိုင်းအစိုးရကတိမတည်ဟုမိုက်ကယ်ကျော်မြင့် စွပ်စွဲပြောဆို

=================================================
ရာဇာအောင်၊ ဖိုးစိုးသူ
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်း၏ ကိုယ်ရေးအရာရှိ မြေကိစ္စ လာဘ်စားခဲ့မှုနှင့် အစိုးရအဖွဲ့ ကတိ မတည်မှုများနှင့်ပတ်သက်ပြီး မိုက်ကယ် ကျော်မြင့်ဆိုသူက ဇွန် ၂ ရက်တွင် ကျိုက္ကဆံကွင်း ပြည်သူ့ဟစ်တိုင်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
''သူ့ရဲ့PSO တင်ထွန်းရဲ့အဂတိ လိုက်စားမှု၊ ငွေကြေးတောင်းခံမှုတွေ ရှိပါတယ်။
ဝန်ကြီးချုပ်ဆီက အမိန့်ရပြီး ဂရန်မြန်မြန်ထွက်ဖို့ ပေးခဲ့တာဖြစ်ပါတယ်။ ဂရန်လည်းထွက်မလာ ပါဘူး။PSO က တိုက်ရိုက်တောင်းတာပါ၊ အထောက်အထားတွေနဲ့ ညကြီးမင်းကြီး သူ့ကို ပေးဖို့ ကားပေါင်ပေးခဲ့ရတယ်။ ဖေဖော်ဝါရီ ၁၄ ရက်မှာပေးခဲ့တာဖြစ်ပါတယ်။ အစိုးရရုံးရှေ့ က စားသောက်ဆိုင်မှာပေးခဲ့တာဖြစ်ပါတယ်။ ဦးဖြိုးမင်းသိန်းရဲ့ PSO က မြေဂရန်ထွက်ဖို့ဆို ပြီး ကျပ် သိန်း ၅ဝ တောင်းတာ ၁၂ သိန်းပေး ထားပြီးပါပြီ။ ဦးဖြိုးမင်းသိန်းလက်မှတ်နဲ့ ကျွန်တော့်ကို မြေပြန်ပေးပြီးပြီ၊ အဲဒီမြေကို မြန်မာဗွီပိုင်းကုမ္ပဏီအား ရောင်းစားခဲ့ပါတယ်၊ ဦးဖြိုးမင်းသိန်းက သူကိုယ်တိုင်လက်မှတ်ထိုး ထားတဲ့ ကတိကဝတ်ကို သူကိုယ်တိုင်ဖောက် ဖျက်ပြီး ပြည်သူလူထုရှေ့မှာတစ်မျိုး၊ နောက် ကွယ်မှာ တစ်မျိုးလုပ်နေတာပါ'' ဟု ၄င်းက ပြောဆိုသည်။
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ၄၈ ရပ်ကွက်U9, U 10 ယခင်တိုးကြောင်ကြီး ကျေးရွာထိန်ပင်ရိုးကွင်း ကွင်းအမှတ် (၄၆၇/က) ဦးပိုင်အမှတ် (၁/၂) (၃/၁) ၃ ရှိ မြေဧရိယာ ၃ဝ ဒသမ ၄၄ ဧကအား ၁၉၉ဝ–၉၁ ခုနှစ်တွင် မြို့ပြနှင့် အိမ်ရာစီမံကိန်းများအတွက် သိမ်းယူ သွားခဲ့ပြီး မြေယာနစ်နာကြေးများ ပေးလျော်ခဲ့ ခြင်း မရှိခဲ့သည့်အတွက် သိမ်းဆည်းခံခဲ့ရသည့် လယ်မြေ ၃ဝ ဒသမ ၄၄ ဧကအနက်မှ စီမံကိန်း မြေဧရိယာ ကိုးဧကအား ပြန်လည် ခံစားခွင့်ပြုပါရန် မူလပိုင်ရှင်ဦးအုံးဟန်ကပြန်လည်လျှောက်ထားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှတ်ချက်ဖြင့် ယင်းမြေယာများကိုမူလပိုင်ရှင်လယ်သမားများအား ပြန်လည်ပေးအပ်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး ချုပ်ထံ ညွှန်ကြားခဲ့ပြီး ဝန်ကြီးချုပ်၏ လက် မှတ်ဖြင့်မြေကိုးဧကကို ပြန်လည်ပေးအပ်ခဲ့ပြီးဖြစ် ကြောင်း မိုက်ကယ်ကျော်မြင့်က ပြောဆိုသည်။ စာချုပ်စာတမ်းနှင့် သက်သေအထောက် အ ထားအခိုင်အမာရှိကြောင်းကိုလည်း ပြောဆိုခဲ့ သည်။
''ဒီမြေကျွန်တော်တို့ကိုပြန်ပေးမယ်ဆိုပြီး စာချုပ်စာတမ်းနဲ့ လုပ်ပြီးကာမှ တိုးတိုးတိတ် တိတ်လုပ်လိုက်တယ်၊ ကျွန်တော်တို့သွားပြန် ပြောတော့ တွေ့ခွင့်မပေးတော့ဘူး၊ အဲဒီမြေမှာ ပဲ သံဃာတော်နာမည်နဲ့ မြေနှစ်ဧက ဂရန်ထုတ် သွားတယ်၊ ဘုန်းကြီးနာမည်လည်း မပြောဘူး၊ လိုက်စုံစမ်းကြည့်တော့ ဘုန်းကြီးမဟုတ်ဘူး၊ ဒေါက်တာစုန်ဟန်ရဲ့ဆွေမျိုးသားချင်းတော် တဲ့ ဒေါ်တင်တင်မြင့်ဆိုတဲ့အမျိုးသမီးကို ဂရန် ထုတ်ပေးလိုက်တယ်၊ မြန်မာဗွီပိုင်းကုမ္ပဏီကို ကိုဖြိုးမင်းသိန်းက လုံးဝ Cover အပြည့်ပေး တယ်၊ သူလုပ်ချင်ရာ လုပ်တယ်၊ ကျွန်တော် တို့ကို ကျပ်သိန်း ၄ဝဝ နှုန်းနဲ့ မြေခုနစ်ဧကကို သိန်း ၂၈ဝဝ သွင်းခိုင်းတယ်၊ အမြန်သွင်းရမယ်၊ ပိုက်ဆံရှာဆိုလို့ ကျွန်တော်တို့ အသည်းအသန်ပေါင်နှံရောင်းချပြီးရှာခဲ့တယ်၊ လက်ထဲငွေ ရောက်ရော သွင်းလို့မရတော့ဘူး၊ လျော်ကြေး ပဲယူတော့ဆိုပြီး ပြောတယ်၊ ရန်ကုန်တိုင်း အစိုးရအဖွဲ့ညွှန်မှူး ဒေါ်ခင်လှမြင့်ကနေပြီး ဝန်ကြီးချုပ်ကိုယ်စားလက်မှတ်ထိုးပြီး စာထုတ် လိုက်တယ်၊ ဝန်ကြီးချုပ်ကလက်သင့်ရာစားတော် ခေါ်ပြီး ဘာဥပဒေမှ မရှိ၊ မင်းမဲ့စရိုက်ဆန်ဆန် ပြည်သူကိုလည်း အလေးမထားဘူး၊ ဝန်ကြီး ချုပ်နဲ့တွေ့ချင်တယ်၊ မတွေ့ရမချင်းစောင့် မယ်ဆိုတော့ ညနေ ၄ နာရီခွဲ ၅ နာရီကျော် ရင် ရဲခေါ်ဖမ်းခိုင်းမယ်ဆိုပြီးPSO တင်ထွန်း က ပြောတယ်၊ ဝန်ကြီးချုပ် ရုံးခန်းရှေ့တည့် တည့်မှာကို အပြောခံခဲ့ရတာပါ'' ဟု ၄င်းက ဆက်လက်ပြောဆိုသည်။
မူလက သတင်းစာရှင်းလင်းပွဲကို တော်ဝင် နှင်းဆီခန်းမ၌ ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ပြုလုပ်ခွင့်မရရှိသည့်အတွက် ယုဇနဟိုတယ် တွင် ပြောင်းရွှေ့ပြုလုပ်ခဲ့သည်။ ယုဇနဟိုတယ် တွင်လည်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် အခက်အခဲများရှိသည့်အတွက် ကျိုက္ကဆံ ဟစ် တိုင်ကွင်းသို့ ပြောင်းရွှေ့ကာ သတင်းစာရှင်း လင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။
''သတင်းစာရှင်းလင်းပွဲပြုလုပ်နေမှုကို လာရောက်တားဆီးသူတွေရှိခဲ့တာကြောင့် ရုန်းရင်းဆန်းခတ်မှုတွေလည်း ဖြစ်ပွားခဲ့ပါ တယ်။ ကိုမိုက်ကယ်က ဒီကိစ္စတွေကို လိုက်ကူညီ နေတာပါ၊ မူလပိုင်ရှင်ဆီGP ယူထားတာ ပါ၊ ကျွန်မက ဒီမြေကိုအမည်ပေါက်ပိုင်ဆိုင်ထား တာပါ၊ တခြားစီးပွားရေးလုပ်ငန်းတွေလည်းမရှိပါဘူး၊ ကျွန်မကကျောင်း ဆရာမပါ၊ ကျွန်မ တစ်ယောက်တည်းနာမည်နဲ့ ဒီကိုးဧကကို လျှောက်တာပါ၊ မူလပိုင်ရှင်က ဦးအုံးဟန်ဖြစ်ပါ တယ်''ဟု မြေပိုင်ရှင်ဟုဆိုသည့်အထက်တန်း ပြ ဆရာမဒေါ်ချောကေခိုင်က သတင်းထောက် များအား ပြောဆိုခဲ့သည်။
မြေနေရာချထားပေးမှု ပြဿနာနှင့် ပတ် သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ လက်ကိုင်ဖုန်းကို မြန်မာတိုင်းမ်နေ့စဉ်က ဆက်သွယ်မေးမြန်း ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။
The Myanmar Times Daily Newspaper - Myanmar Version

No comments: