သူမ မနေ့ညကလိင်ဆက်ဆံခဲ့ကြောင်းသိရှိနိုင်တဲ့ လက္ခဏာ ၅ရပ် Share ပြီးဖတ်ကြည့်ပါ။
သူမ မနေ့ညကလိင်ဆက်ဆံခဲ့ကြောင်းသိရှိနိုင်တဲ့ လက္ခဏာ ၅ရပ်
သင့်ဘော်ဒါတစ်ယောက် မနေ့ညကကောင်မလေးချောချောလေးနဲ့ တူတူအိပ်ခွင့်ရခဲ့ရင်တော့ သိသာလွန်းနေမှာပါ။ လေလေးတစ်ချွန်ချွန်နဲ့ အကြောင်းမရှိ အကြောင်းရှာပြုံးနေမှာပါ။ ပြီးတော့ အတွေ့အကြုံကို မနေနိုင်မထိုင်နိုင် သင့်ကိုလာပြောပြနေမှာပါ။
ဒါပေမယ့် မိန်းမတွေ ဆိုရင်ရော??သင်ဘားမှာတွေ့တဲ့ မိန်းကလေး၊လုပ်ဖော်ကိုင်ဖက်ကောင်မလေး၊ Gym ကချိတ်တိတ်တိတ်ဖြစ်နေတဲ့ ကောင်မလေး၊ သူတို့မနေ့ညက ဆက်ဆံခဲ့ရင် သင် ဘယ်လို သိပါမလဲ??ဆံပင်ကောက်နေတာလား?? Bite Mark တွေလား??အဲဒီ ရုပ်ရှင်ထဲက လက္ခဏာတွေဟာ တကယ်တော့မှားနေပါသေးတယ်။ မိန်းမတွေဟာ ခန့်မှန်းရခက်လွန်းပါတယ်။ ဒါပေမယ့် သူမ မနေ့ညကကံကောင်းခဲ့ကြောင်း သေချာတဲ့ လက္ခဏာ ၅ ခုရှိပါတယ်။ အဲဒါတွေကတော့
၁. သင့်ကို ဆွဲဆောင်နိုင်လွန်းပါတယ်
လိင်ကိစ္စမှာ တက်ကြွလေလေ၊ သူမကိုယ်ခန္ဓာကPheromone တွေ များများထွက်လေပါ။ Pheromoneဆိုတာ မိန်းကလေးတွေက ထုတ်ပေးတဲ့ သင့်ကိုမရိုးမရွ ဖြစ်စေနိုင်တဲ့ အနံ့ပေးတဲ့ ဓာတုပစ္စည်းတွေပါ။အဲဒီ ပစ္စည်းတွေဟာ ဆန့်ကျင်ဘက်လိင်ကိုစိတ်ကြွစေလာပြီး သင် သူမအနားကပ်လိုက်လို့ကိုယ်နံ့ရတာနဲ့ သင့်ကိုယ်ထဲက အင်ဂျင်တွေခုတ်လာရင်တော့ သူမ လိင်ကိစ္စရထားတာမကြာသေးပါဘူး။
၂. သူမ ပိုပျော်နေပါတယ်
လိင်ဆက်ဆံမှု များလာလေလေ၊ ပျော်ရွှင်မှုမြင့်တက်လာလေလေပါ။ လူ ၁၅၀၀၀ လောက်ကိုကောက်ခဲ့တဲ့ စစ်တမ်းတစ်ခုမှာ တစ်ပါတ်ကိုနှစ်ကြိမ်ကနေ သုံးကြိမ် လိင်ဆက်ဆံသူတွေဟာ လုံးဝမဆက်ဆံသူတွေထက် ပျော်ရွှင်မှု ၅၅ ရာနှုန်းပိုပါတယ်။ လူတွေဟာကိုယ့်ပါတ်ဝန်းကျင်ကသူတွေထက်လိင်ပိုဆက်ဆံရကြောင်း သိနေရုံနဲ့ကို ပိုပျော်ပါတယ်တဲ့။
၃. ပုံမှန်ထက် ပိုလှနေပါတယ်
လိင်ဆက်ဆံစဉ်မှာ သင့်ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေအများကြီး ဖြစ်ပါတယ်။ ကြွက်သားတွေပြေလျော့သွားပြီး သွေးစီးဆင်းနှုန်း ပိုများလာပါတယ်။ပါးလေးတွေ ပန်းရောင်သမ်းလာပြီးအီစထရိုဂျင်ဟော်မုန်းလယ်ဗယ် မြင့်လာပါတယ်။တခြားဟာတွေ တူနေရင် ပါးလေးတွေသွေးရောင်တောက်နေတာဟာ ကျွန်တော်တို့ယောက်ျားတွေကို ပိုလှတယ်လို့ ထင်စေပါတယ်။
၎. အိပ်ရေးဝလာပါတယ်
လိင်ပြီးဆုံးခြင်း ရထားတဲ့ အမျိုးသမီးတွေမှာဆက်ဆံပြီးပြီးခြင်း Prolactin ဟော်မုန်း ၃၀ ရာနှုန်းပိုတိုးလာပြီး နောက်တစ်နေ့နေ့လည်မှာ နောက်တစ်ခါထပ်တိုးလာပါတယ်။ Prolactin ဟော်မုန်းဟာအိပ်ချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။ အဲဒါကြောင့် သူမနေ့လည်နေ့ခင်း အိပ်ဖို့ ထွက်သွားရင်တော့ မနေ့ညကရခဲ့တဲ့ စည်းစိမ်တွေကြောင့် ဖြစ်နိုင်ပါတယ်။
၅. လိုအပ်ချက်တွေ နည်းသွားပါတယ်
လူတွေမှာ တစ်ယောက်နဲ့ တစ်ယောက်သံယောဇဉ်ဖြစ်နေဖို့ လိုပါတယ်။ လိင်ကိစ္စဟာလူတွေကို သံယောဇဉ်ဖြစ်အောင် ကူညီပေးတဲ့Oxytocin ဟော်မုန်း ထုတ်ပေးပါတယ်။ Oxytocinတိုးလာတာနဲ့ သူမလဲ သံယောဇဉ် ပိုရှိလာသလိုခံစားလာစေရမှာ ဖြစ်ပြီး သင့်ကိုပို စိတ်ချလာလို့ အမြဲတွယ်ကပ်မနေစေတော့ပါဘူး။ Oxytocin ဟာမိန်းမတွေကို လူမှုဆက်ဆံရေးမှာ သံသယနည်းစေတဲ့အတွက် အစစ်ဆေးပိုတာ၊ သင့်စကားလုံးတိုင်း၊ ဖုန်းပြောတိုင်းလိုက်စစ်ဆေးနေတာမျိုး လုပ်တော့မှာ မဟုတ်ပါဘူး။



No comments: