ထောင်ကျပြီးထောင်မှထွက်ပြေးလွတ်မြောက်သူ ပြနလည်ဖမ်းဆီးရမိ
အဓမ္မပြုကျင့်မှုနှင့်ထောင်ကျပြီး ထောင်မှထွက်ပြေးလွတ်မြောက်နေသူ ပြန်လည်ဖမ်းဆီးရမိ
=====================================
မင်း ထက်မုန်း (ပုသိမ်)
၂၀၁၇ ခုနှစ်၊ဇွန်လ ၁၆ ရက်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ဇင်ပြွန်းကုန်း ကျေးရွာတွင် ထောင်မှထွက်ပြေးလာသူတစ်ယောက်ရောက် ရှိနေကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိ၍ ဇင်ပြွန်းကုန်းကျေးရွာ ရဲကင်းစခန်းမှူး ဒုရဲအုပ် ရဲနိုင်ဦးသည် ပုသိမ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့်အတူ ၁၁. ၆. ၂၀၁၇ ရက်နေ့မနက်ပိုင်းက သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိခဲ့သော ထောင်မှထွက်ပြေးလာသူအား စစ်ဆေးမေးမြန်းရာ နိုင်ဝင်း(ခ)ပြောင်းကြီးဆိုသူဖြစ်ပြီး
၁၅. ၉. ၂၀၁၄ ရက်နေ့က အဓမ္မပြုကျင့်မှုကျူးလွန်ခဲ့၍ ချောင်းသာနယ်မြေရဲစခန်းမှ ပုဒ်မ ၃၇၆(မုဒိန်းမှု)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ပြီး ၇. ၅. ၂၀၁၅ ရက်နေ့တွင် ပုသိမ်အကျဉ်း ထောင်၌ ထောင်ဒဏ်(၄) နှစ် ကျခံခဲ့သူဖြစ်ကြောင်း သိရသည်။
(၁၀.၁.၂၀၁၆) ရက်နေ့တွင် နိုင်ဝင်း(ခ) ပြောင်းကြီး ဆိုသူသည် ပုသိမ်အကျဉ်းထောင်မှ ဝါးခယ်မမြို့နယ်ရှိ ဘဝသစ်ရဲဘက်စခန်းသို့ ပြောင်းရွေ့ခံခဲ့ရပြီး ၂၀၁၆ ခုနှစ် (၉)လပိုင်းတွင် ရဲဘက်စခန်းမှထွက်ပြေးလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသော ထောင်ကျအကျဉ်းသား နိုင်ဝင်း(ခ) ပြောင်းကြီးအား ပုသိမ်အကျဉ်းထောင်သို့အပ်နှံထားရှိပြီး ရဲဘက်စခန်းမှထွက်ပြေးလာသော အမှုဖြင့်ထပ်မံတရားစွဲ ဆိုရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရှိရသည်။
Ayeyarwaddy Times
ဓာတ်ပုံ - zaw min tun(facebook)
Credit

No comments: