လူကြမ်း မင်းသား နိုင်လူ က အမြန်လမ်း ပေါ်မှာ အိပ်ပျော်သွားရင်း မက်ခဲ့ရတဲ့ ထူးထူးဆန်းဆန်း အိပ်မက်အကြောင်း
သူ့ရဲ့ထူးဆန်းတဲ့ အိပ်မက် အကြောင်းကို ပြောပြခဲ့တာ ဖြစ်ပါတယ်။လူကြမ်း မင်းသား နိုင်လူ က အမြန်လမ်း ပေါ်မှာ အိပ်ပျော်သွားရင်း မက်ခဲ့ရတဲ့ ထူးထူးဆန်းဆန်း အိပ်မက်အကြောင်းကို ပြန်ပြောပြခဲ့တာဖြစ်ပါတယ်။
“ယမန်နေ့ညက ရန်ကုန် မှ မန္တလေး သို့ အလာမိုင်တိုင် ၁၄၅ အရောက်တွင် အလွန်အိပ်ချင်လာသောကြောင့် လမ်းဘေးတွင် ကားထိုးရပ်ပြီး အိပ်ရာ ၁နာရီလောက် အိပ်ပျော်သွားခဲ့သည်။ အိမ်မက် မက်သလို အပြင်တွင်လာပြေားသလို ကြားလိုက်ရ၍ ပြန်နိုးသွားခဲ့သည်။ လာပြောတာလား။ အိမ်မက် မက်တာလားဆိုတာကို ဝေခွဲ၍မရပါ။ မင်းတို့ လူ ၉ ယောက်ပါလာ၍ ကျောက်ခဲ့တလုံးကောက်ယူ၍ မောင်ကျောက်ခဲ့မင်းပါ လိုက်ခဲ့ဟူ၍ ခေါ်သွားပါဟု ပြောပါသည်။ အိပ်ရာမှ လန့် နိုး၍ ကားပေါ်တွင်ပါလာသော မိသားစုဝင် များကို ရေတွက်ကြည့်ရာ ခလေးလူကြီးပေါင်း ၉ ယောက်ဖြစ်နေသည့်အတွက်လန့် သွားခဲ့ ပါသည်။ ပြောသည့်အတိုင်း လမ်းဘေးနားတွင်တွေ့ ရှိသည့် ကျောက်ခဲကို မောင်ကျောက်ခဲမင်းပါလိုက်ခဲ့ ၁၀ ယောက်ဟု ပြော၍ မန္တလေး သို့ ခရီးဆက်လက်ထွက်ခွာခဲ့ရပါတော့သည်။ ကျွန်တော် လိုအဖြစ်မျိုး ဘယ်သူများဖြစ်ခဲ့ပါသလဲ။ နေပြည်တော် မန္တလေး အမြန်လမ်း တွင် လူ ၉ယောက် သွားခဲ့ဘူးသော ကား များရှိခဲ့ပါသလားဗျာ။ သေချာတာတစ်ခုကတော့ နေပြည်တော် မန္တလေး အမြန်လမ်း တွင် လူ ၉ ယောက်မသွားသင့်ပါ။ မိတ်ဆွေသင်ရောဘယ်လိုထင်ပါသလဲ..နိုင်လူ”လို့ သူ့ရဲ့ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။
အမြန်လမ်း ပေါ်မှာပဲဖြစ်ဖြစ် ဘယ်ပဲ သွားသွား ကားစီးရင် လူ ၉ ယောက် မစီးသင့်၊ ၉ ယောက်ဖြစ်နေရင်လည်း ကျောက်ခဲတစ်လုံး တင်သွားရမယ်ဆိုတာ မြန်မာတွေရဲ့ အယူအဆဖြစ်ပါတယ်။ အထူးသဖြင့် အန္တရာယ်များတဲ့ လမ်းတွေကို သွားတဲ့အခါ မဖြစ်မနေယူဆောင်သွားတတ်ကြပါတယ်။
Photos : နိုင်လူဖေ့စ်ဘွတ်
ဖိုးသူတော် (www.phothutaw.com)
Credit: Duwun

No comments: