S

ပုံ​လေးကိုတစ်​ချက်​နှိပ်​​ပေးခဲ့​နော်​​ကျေးဇူးတင်​ပါတယ်​။

ဓာတ်​ပုံဆရာဖန်​တီး မှု​ကြောင့်​ တစ်​နယ်​စီ​ဝေး​နေရတဲ့ လင်​မယားအမှတ်​တရဖြစ်​ခဲ့

လင်ရယ်မယားရယ်လို့ ဖြစ်လာခဲ့ပြီဆိုရင် ဘယ်သူကမှ တစ်ယောက်နဲ့တစ်ယောက် ခွဲခွာပြီး မနေချင်ကြပါဘူး။ 
သို့ပေမယ့် လည်း ကံကြမာကြောင့်ဖြစ်ဖြစ် ကိုယ်ရဲ့ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်ကြောင့်ပဲဖြစ်ဖြစ် ခဏလေးတော့ ခွဲနေရ တာ သဘာဝပါပဲ။
ဒီလို ခွဲနေရတဲ့အခါ အိမ်မှာကျန်ခဲ့တဲ့ ဇနီးသည်က ကိုယ်ဝန်ရှိနေပြီဆိုရင် နှစ်ယောက်လုံးရဲ့တွေ့ချင်စိတ်တွေက ပိုလို့ေ တာင် များလာမှာ သေချာပါတယ်။ အခုလည်း တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေရတဲ့ စစ်သားလေး Brandon ဟာ သူရဲ့ရင်သွေးလေးကို လွယ်ထားရပြီဖြစ်တဲ့ ဇနီးသည် Veronica Phillips နဲ့ တမြေစီဝေးကွာလို့နေပါတယ်။
အမေရိကန်စစ်သည်လေး Brandon ဟာ အရှေ့အလယ်ပိုင်းဒေသမှာ တာဝန်ထမ်းဆောင်ရသူဖြစ်ပါတယ်။ 
ဒီလို ရေခြားမြေခြားမှာ တာဝန်ထမ်းဆောင်နေတုန်း အိမ်မှာကျန်ရစ်ခဲ့တဲ့ ဇနီးချောလေး Veronica Phillips က Brandon နဲ့ ရထားတဲ့ ကိုယ်ဝန်နေ့စေ့လစေ့ကြီးကို လွယ်ထားရပါတယ်။
ပထမဦးဆုံး သားဦးလေးကို လွယ်ထားရတာကြောင့် Veronica က ကိုယ်ဝန်ဆောင်ကြီးနဲ့ အမှတ်တရဓါတ်ပုံ ရိုက်ကူးဖို့ အတွက် Jennifer Ariel ဓါတ်ပုံလုပ်ငန်းမှ ဓါတ်ပုံဆရာတစ်ဦးကို ငှားရမ်းခဲ့ပါတယ်။
Veronica ရဲ့ မိခင်လောင်းလျာ အလှတရားတွေနဲ့ ဓါတ်ပုံဆရာမရဲ့ ရိုက်ကူးချက်တွေကြောင့် Veronica ရဲ့ဓါတ်ပုံတွေ ဟာ အတော်လေးကို ရင်သပ်ရှုမောစရာ ကောင်းနေရပါတယ်။ 
ဒါပေမယ့် Veronica က သူရဲ့ခင်ပွန်းဖြစ်သူကိုလည်း သူ မရဲ့ဓါတ်ပုံတွေထဲမှာ ပါဝင်စေချင်တယ်လို့ ဓါတ်ပုံဆရာကို အပူကပ်လိုက်တဲ့အခါမှာတော့ ဓါတ်ပုံဆရာက အကောင်းဆုံး စီစဉ်ပေးသွားခဲ့ပါတယ်။
ဓါတ်ပုံဆရာဟာ Veronica နဲ့ Brandon တို့ရဲ့ဓါတ်ပုံနှစ်ပုံကို တစ်ပုံတည်းအဖြစ် လုံးဝပီပြင်အောင် ဖန်တီးပေးခဲ့ပြီး တော်တော်လေးကို လက်ရာမြောက်နေခဲ့တာကို တွေ့ရှိရမှာဖြစ်ပါတယ်။
ဒီဓါတ်ပုံလေးကြောင့် Veronica နဲ့ Brandon ပါ အရမ်းပျော်ရွှင်သွားရပြီး Jennifer Ariel ဓါတ်ပုံလုပ်ငန်းကလည်း သူ တို့ရဲ့Facebook စာမျက်နှာမှာပါ Veronica တို့ စုံတွဲဓါတ်ပုံကို အမှတ်တရ တင်ထားပေးခဲ့ပါတယ်။ 
” ကလေးအေ မဖြ စ်လာတော့မယ့် Veronica လေးက အရမ်းချစ်ဖို့ကောင်းတယ်။
သူမရဲ့အကြောင်းလေးတွေက ကျွန်မရင်ကို ရိုက်ခတ်စေနိုင်ခဲ့တယ်လေ။ 
သူရဲ့အမျိုးသားက သူနဲ့မိုင်ထောင်ချီ ဝေးတဲ့နေ ရာမှာ အလုပ်လုပ်နေရတာ။ သူလည်း Veronica ကိုရော သူရဲ့ရင်သွေးလေးကိုပါ လွမ်းနေမှာပေါ့။
 ဒါကြောင့် ကျွန်မတ တ်ထားတာလေးတွေနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ပေးလိုက်တာပါ။
ကျွန်မတို့ တိုင်းသူပြည်သားအတွက် အခုလို မိသားစုနဲ့ခွဲခွာပြီး တာဝန်ထမ်းဆောင်နေတဲ့ Brandon လို စစ်သည်တွေကို အရမ်းကျေးဇူးတင်မိပါတယ် ” လို့ ဓါတ်ပုံရိုက်ကူးပေးခဲ့သူက ပြောဆိုသွားခဲ့ပါတယ်ခင်ဗျာ။
Ref:viralnova / Credit : Thit Htoo Lwin / www.phothutaw.com(Phothutaw Team)

No comments:

Powered by Blogger.