ရုပ်ရှင်သရုပ်ဆောင် ကိုနေတိုးအား YBS ကားစပယ်ယာ တစ်ယောက် ကားပေါ်မှ ဆင်းထိုးခဲ့။
#BreakingNews
ရုပ်ရှင်သရုပ်ဆောင် ကိုနေတိုးအား YBS ကားစပယ်ယာ
တစ်ယောက် ကားပေါ်မှ ဆင်းထိုးခဲ့။
*********************************
ဇွန်၊ ၂
ရန်ကုန်
နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် ကိုနေတိုးအား YBS ယဉ်လိုင်းမှ စပယ်ယာတစ်ယောက်သည် လမ်းမဖယ်ပေးဟုဆိုကာ ကားပေါ်မှ ဆင်းထိုးမှုဖြစ်စဉ် ယနေ့မနက် ၇ နာရီ ၅ မိနစ်ခန့်အချိန်တွင် ရန်ကုန်မြို့ပြည်လမ်းပေါ်တွင် ဖြစ်ပွားခဲ့ပါသည်။
" ကိုနေတိုးက လမ်းကြောင်းမှန်တယ်။ ဟိုဘတ်စ်ကားက အတင်းစွတ်ဝင်လာပြီး ကိုနေတိုးကားကိုကျော်တာ..
အဲ့တာကြောင့် ကိုနေတိုးက ဆင်းပြောတာကို စပယ်ယာက " မင်းဘာစောက်စကား ပြောတာလဲ မင်းသား" ဆိုပြီး ကားပေါ်ကဆင်းထိုးတာ။ ဘေးက လူတွေ ဝိုင်းဆွဲတော့မှ ရပ်သွားတာ။ ဒီစပယ်ယာ တော်တော်မိုက်ရိုင်းတယ်ဗျာ.. " ဟု အဆိုပါ အဖြစ်အပျက်အား မျက်မြင်တွေ့ခဲ့သူ ကွမ်းယာသည် ဦးမျိုးလှိုင်ဝင်းမှ Facebook Hot News သတင်းဌာနသို့ပြောကြားခဲ့ပါသည်။
လက်ရှိတွင် ကိုနေတိုးအား ကိုယ်ထိလက်ရောက် စော်ကားခဲ့သူ YBS စပယ်ယာ သောင်းအေး ဆိုသူအား
သူတစ်ပါး ကိုယ်ထိလက်ရောက် ထိခိုက်နာကျင်စေမှု
ပုဒ်မ ၆ (၁)၊ ရမ်းကားမှုပုဒ်မ ၆၆ ဏ တို့ဖြင့်
ဗဟန်းမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားပြီး တရားခံအား ရန်ကုန်တိုင်းဒေသကြီး အထူးမှုခင်းနှင့်လူမိုက်နှိမ်နင်းရေးတပ်ဖွဲ့ဝင်များမှ အပူတပြင်းလိုက်လံရှာဖွေလျက်ရှိပါသည်။
#Facebookhotnews
Copy##

No comments: