S

ပုံ​လေးကိုတစ်​ချက်​နှိပ်​​ပေးခဲ့​နော်​​ကျေးဇူးတင်​ပါတယ်​။

စစ်လေယာဉ် Y8 ရဲ့ နောက်ကွယ်မှ ဝမ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်မှန် 😥😥😥 အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ >>>>>>>

သားဖွားမီးယပ်​ပါရဂူတစ်​ဦးဖွင့်​ဟဝန်​ခံချက် (Y8 Real Story)
ကျနော့်ရဲ့လူနာကိုယ်ဝန်ဆောင်တစ်ယောက် AN care မှာ USG ရိုက်လိုက်တော့ Cystic mass arising from the fetal head and neck လို့တွေ့တယ် ဒီဆေးရုံမှာ ကျနော် သူ့အတွက်ပိုကောင်း လာအောင်ဘာများလုပ်ေ ပးနိုင်မလဲ လို့စဉ်းစားကြည့်တော့ ဘာမှမလုပ်ပေးနိုင်ဘူးဒါနဲ့လူနာကိုအကျိုးအကြောင်းရှင်းပြ တယ်ရန်ကုန်မှာတော့ ဆရာတို့ဆေးရုံထက် ပိုကောင်းတဲ့ကုသမှုရနိုင်တယ် သမီး ကိုရန်ကုန်လွှဲပေးမယ်ပြောတော့ သူ မသွားချင်ရှာဘူးယောက်ျားကလည်းရှေ့တန်းမှာ သူတယောက်တည်း ဖြစ်ပါ့မလားတဲ့။လောလောဆယ်တော့ ဘာရောဂါလဲဆိုတာပဲ အရင်ရှာဖွေရမှာမွေးတာ မဟုတ်သေးတဲ့ အတွက် လူနာစောင့်မပါလည်း ကိစ္စမရှိဘူး နောက်မှယောက်ျားကို ခွင့်ယူပြီး လိုက်ဖို့ခေါ်လိုက်လို့ပြောတော့ သူ့ဘာသာသွားဖို့ စရိတ်လည်းမတတ်နိုင်ေ တာ့ စစ်လေယာဉ်နဲ့ပဲတင်ပေးလိုက် ရတယ်။
ကျနော် စိတ်မကော င်းခြင်းကြီးစွာဖြစ်ရပါတယ်။တကယ်ကို ခံစားရပါတယ် ။ ငါဘာလို့သူ့ကိုလွှဲမိတာလဲလို့ နောင်တရ ရပါတယ် ။ သူမသွားချင်ရှာဘူး သူ့ကလေးအတွက် ပိုကောင်းလိမ့်မယ်ဆိုတဲ့မျှော်လင့်ချက် တခုကြောင့်သာ သူအရဲ စွန့်ပြီးလိုက် သွားရရှာတာပါ။နောက်ထပ် ကလေးယူရင်ကော ရနိုင်ပါဦးမလားတဲ့ရနိုင်ပါတယ် ဒါမျိုးနောက်တကြိမ်ဖြစ်ချင်မှဖြစ်မှာ ပါလို့ပြောလိုက် တယ်သူဘယ်လိုလုပ်ပြီးကလေးထပ်ရပါတော့မလဲဗျာ။နောက်တယောက် အရင်တပတ်ကလာပြတယ် ကလေးတယောက်ရဖို့ နေပြည်တော်ထိတက်ပီး laparoscope လုပ်ပြီး ကလေးရအောင်ကြိုးစားထားရတယ်။ခုလာပြတော့ကိုယ်ဝန်က မွေးခါနီးနေပီသူက အမေနဲ့နီးတဲ့နေရာမှာပြ န်မွေးချင် တယ်တဲ့။ကျနော်က ဒီမှာမွေးလည်းရတာ ဘာဖြစ်လို့ပြန်နေမှာလဲဆိုတော့ ဒီမှာ သူ့ကို မွေးပီးရင်စောင့်ရှောက် မဲ့သူမရှိလို့တဲ့ယော က်ျားရှိတာပဲလေ သူစောင့်ရှောက်မှာပေါ့လို့ဆိုတော့ မဖြစ်ဘူးတဲ့။သူကမွေးမြူရေးတာဝန်ခံဆိုတော့ မိန်းမကို အချိန်သိပ်မပေးနိုင်လို့ အမေဆီပဲပြန်မွေးမယ်ဆိုပြီး အရင်တပတ်က ပဲပြန် သွားတယ်မနက်ဖြန်သောကြာနေ့ သူ့ကို ခွဲမွေးဖို့ OT list မှာထည့်ထားတယ် တဲ့ (ရန်ကုန်သမကမှာ)သူ့ယောက်ျားက ဒီနေ့ စစ်လေယာဉ်နဲ့ သူ့မိန်းမ မီးဖွားတဲ့ဆီကို အသွား လမ်းခု လတ်မှာ ကံဆိုးမိုးမှောင်ကျခဲ့ရှာတယ် ။မနက်ဖန် မီးဖွားမ ည့်ကျနော့်လူနာနံဘေး အားပေးမဲ့သူယောက်ျားမရှိရင် သူဘယ်လိုခံစားရရှာမလဲ။နောက်တယောက်ကတော့ ကျနော့်လူနာရဲ့အမေသမီးဖြစ်သူက Myoma နဲ့ endometriotic cyst ဖြစ်နေလို့ လွန်ခဲ့တဲ့နှစ်ပတ်လောက်က ကျနော်ကဒီဆေးရုံမှာခွဲပေးထားခဲ့တယ်။သမီးဆေးရုံတက်တော့ အမေဖြစ်သူက ရန်ကုန် ကနေ ဘုတ်ပြင်းလာခဲ့တယ် ။သမီးကိုခွဲစိတ်ပေးတဲ့ သူတွေစားဖို့ ရန်ကုန် ကနေမုန့်တွေဝယ်ခဲ့ပေးတယ် ။ မပြန်ခင်က မြို့ထဲမှာတွေ့တော့ ထပ်ပီးနှု တ်ဆက်ဖြစ်သေး တယ် ။ ခုတော့သမီးလည်းဆေးရုံကဆင်းလို့ သူလည်းစိတ်ချ လက်ချဖြစ်ပြီး စစ်လေယာဉ်နဲ့ အိမ် အပြန်တကယ်ပဲစိတ်ချလို့ သမီးဖြစ်သူကိုထားခဲ့တာလားအန်တီအားလုံးအတွက်စိတ်မကောင်းဖြစ်ရပေမဲ့ ကိုယ်နဲ့ ပတ်သက် နေတဲ့လူတွေပါတော့ တကယ်ကို ရင်ထဲမှာလှိုက်လှိုက်လှဲလှဲ ဝမ်းနည်းကြေကွဲရပါတယ်။သွားလေသူအပေါင်း ဘဝဆက်တိုင်း ဒီလို အဖြစ်ဆိုးမှ လွဲကြပါစေ။ကောင်းရာသုကတိသို့ရောက်ကြပါစေ။ မည်သူ တစ်ဦး တစ်ယောက်မှ ဒီလိုအဖြစ်ဆိုးထပ်ပြီး မကြုံကြပါစေနှင့်။
အားလုံး​ဘေးကင်းပါ​စေ
Posted Credit : ကြံတိုင်း​အောင်

No comments:

Powered by Blogger.