S

ပုံ​လေးကိုတစ်​ချက်​နှိပ်​​ပေးခဲ့​နော်​​ကျေးဇူးတင်​ပါတယ်​။

စိတ်ညစ်နေတဲ့သူတွေအတွက်ပါ..မရီရရင်ပါးလာရိုက်.. :D

စိတ်ညစ်နေတဲ့သူတွေအတွက်ပါ..မရီရရင်ပါးလာရိုက်.. :D

"ဖေဖေ မေမေနဲ့ ရိုစီလေးပီးရင်
ကမ္ဘာပေါ်မှာ မောင့်ကိုအချစ်ဆုံးဘဲ"

အဲ့ဒါ ကျုပ်ရည်းစား ပြောနေကျစကား
ရိုစီဆိုတာက သူ့ခွေး
ဒါပေမဲ့ ယောင်လို့တောင် ခွေးလို့သွားမခေါ်မိစေနဲ့
ခွေးကို ခွေးလို့ခေါ်မိလို့
ကျုပ်ကို တပတ်တိတိ အဆက်ဖြတ်ဖူးတယ်
တပတ်ကြာတော့မှ မတ်ဆေ့ ပို့လာတယ်

"ကျမ သမီးကို ရှင့်သမီးလို သဘောထားနိုင်မှ
ကျမကို လက်တွဲဖို့ စဉ်းစားပါ" တဲ့

ဖြစ်ချင်တော့ ကျုပ်က ရေချိုးနေတာ
အဲ့ မတ်ဆေ့ ကျုပ်အမေ ဖတ်မိသွားကော
သားကောင်မလေးက ခလေးအမေ မဟုတ်ပါဘူး
အဲ့ဒါ သူ့ခွေးကို ပြောတာပါဆိုပီး မနဲ ပြန်ရှင်းပြယူရတယ်
ခွေးကို ခွေးလို့ခေါ်တော့လဲ ပြဿနာ
ခလေးလို့ခေါ်တော့လဲ ပြဿနာ
နောက်ဆုံး သူ့နာမည်တပ်ပီးဘဲ ခေါ်တော့တယ်

အဲ့ရိုစီမ က ကျုပ်တို့ချိန်းတွေ့တိုင်း
အမြဲကန့်လန့်ကန့်လန့် ပါတယ်
ဆိုင်ထိုင်တော့လဲ နှစ်ယောက်ကြား ခုံတစ်လုံးနဲ့
ဝင်ထိုင်နေပြန်ကော
ညဘက်ဖုန်းဆက်တော့လဲ

"မောင်ရေ သမီးလေးနဲ့ ပြောလိုက်ပါအုံး" ဆိုပီး
သူ့ခွေးကို ဖုန်းထိုးပေးလိုက်တာက ရှိသေး

ခွေးဘဲဗျာ… ဘာစကားပြောတတ်မှာလဲ
ဝုတ်ဝုတ်ပေါ့ …
ဒါပေမဲ့ သူတခါ ဝုတ်တိုင်း

"အင်းပါ ရိုစီလေးရာ အင်းပါ ဖေကြီးနားလည်တယ်"
ဆိုပီး ကျုပ်မှာ ဖော်လိုလိုက်လိုက်ပေးနေရတယ်
ပြောလို့မရဘူး စပီကာဖွင့်ချင်ဖွင့်ထားမှာလေ
ခွေးဆီက ဖုန်းပြန်ယူပီးရင်လဲ မေးသေးတယ်

"သားအဖနှစ်ယောက် ဘာတွေပြောဖြစ်တုံး" တဲ့
ကျုပ်မှာ ပြန်ဘဲဟောင်ပြရမလို …

ကျုပ်နဲ့ သူနဲ့ကွဲခဲ့တာလဲ အဲ့ရိုစီမကြောင့်
ဖြစ်ပုံက ဒီလို…

အဲ့နေ့က သူက ဖုန်းဆက်တယ်
သူအပြင်ရောက်နေလို့
သူ့အိမ်ဝင်ပီး ရိုစီမကို ဝင်ခေါ်ခဲ့တဲ့
ပီးယင် တွေ့နေကျ ပန်းခြံက စောင့်နေပါတဲ့
သူလာခဲ့မယ်တဲ့

ဘယ်သွားသွား ဘတ်စ်ကားဘဲစီးတဲ့ကျုပ်
အဲ့ခွေးကို တက်စီနဲ့တင်ခေါ်သွားရတယ်
တက်စီသမားကလဲ အလိုက်ကန်းဆိုးမသိဘူး

"အကို ဘာရေမွှေးသုံးတာလဲ
မွှေးလိုက်တာဗျာ အကောင်းစားထင်တယ်"

ရေချိုးဆပ်ပြာတောင် ကြုံတဲ့ဟာနဲ့ပွတ်တာကို
ဘယ်က ပိုက်ဆံနဲ့ တကူးတကရေမွှေးဝယ်ဆွတ်ရမှာလဲ
ကျုပ်မှာ အင်တင်တင်နဲ့

" သူဆွတ်ထားတာ" ဆိုပီး
ဟိုခွေးကို လက်ညှိုးထိုးပြရသေးတယ်
ရှက်လိုက်တာဗျာ …

ချိန်းတဲ့နေရာရောက်တော့လဲ
ပေါင်ပေါ်တင်ထားလို့မှ မကြာ သေးပေါက်ချကော
ကျုပ်လဲ ဒေါသထွက်ပီး မောင်းချတာပေါ့
အောက်ဆင်းသွားတော့လဲ အငြိမ်မနေဘူး
သူ့ဟာသူအိပ်နေတဲ့
လမ်းဘေးခွေးကို သွားကလိတယ်
ဘာပြောကောင်းမလဲ
ဟိုက ခွေးတို့ဘာသာဘာဝ တက်ပီး
အာဝါဟ ဝိဝါဟ တော့တာပေါ့

"ဟာ ကိုယ်ကျိုးတော့ နဲပါပီ"

"အခုတော့ မလုပ်ပါနဲ့ကွာ
မင်းကြိုက်ရင် အိမ်လိပ်စာမေးပီး
ကိုယ့်ဘာသာ သွားလုပ်ပါကွာ
အခုမလုပ်နဲ့နော် လိမ်မာတယ်"

ဘယ်လိုတားတား မရဘူးဗျာ
ကျုပ်ကဆွဲခွာ သူတို့က ပြန်ပူးနဲ့
သုံးကောင်စလုံး ရှုပ်ရှက်ခပ်နေတာပေါ့
( နှစ်ကောင်နဲ့ တစ်ယောက်ပေါ့လေ)

"ရှင်တို့ အကြံပက်စက်လှချည်လား"

မော့ကြည့်လိုက်တော့ ကျုပ်ရည်းစား

"ရှင်တို့နှစ်ယောက်ပေါင်းပီး ကျမသမီးလေးကို
ဖျက်ဆီးနေကြတယ်ပေါ့"

"ဟာ … မဟုတ်ဘူးလေ
ငါကဆွဲခွာပေးနေတာ ဒီခွေးနဲ့လဲ မသိဘူး
ခုမှ စတွေ့ဖူးတာ နော် ဟေ့ကောင် နော်"

ဆိုပီး လှည့်ကြည့်လိုက်တော့ ကျေးဇူးရှင်က
ကိစ္စပီးလို့ ပြန်တောင်နှပ်နေပီ

"မသိဘူး ရှင့်လူ တက်ဝုန်းနေတာ ကျမမျက်စိနဲ့
တပ်အပ်မြင်တယ် "

"လူမဟုတ်ပါဘူး ခွေးပါဟ"

"အို ခွေးဖြစ်ဖြစ် လူဖြစ်ဖြစ်
ရှင်တို့နှစ်ယောက်လုံး တူတူဘဲ
လူယုတ်မာနဲ့ ခွေးယုတ်မာ ထဝီ"

အရှိန်ပြင်းလိုက်တဲ့ တံတွေးဗျာ
တော်တော်လှမ်းလှမ်းကိုရောက်တာ
တော်လှန်ရေးကားတွေ ရိုက်တဲ့
သီဟတင်စိုးတောင် သူ့လောက်တံတွေး ထွေးတဲ့နေရာမှာ
ဆရာကျမယ် မထင်ဘူး

"ကျမ သဘောပေါက်သွားပါပီ
နောက်ဆုံးတော့ ပထွေးဟာ ပထွေးဘဲ"

"ငမ်"

"လာ သမီး ပြန်မယ် ဒီနား နေနေရတာ ရွံတယ် ထဝီ"

တံတွေးထွေး လို့ဝတော့
သူ့ခွေး သူချီပီး ထွက်သွားကော
သူနဲ့ကျုပ်လဲ ဇာတ်လမ်းပြတ်သွားတာပေါ့
သူငယ်ချင်းတွေမေးတော့လဲ သူဘဲ ဒိုင်ခံဖြေတာ

"ပြတ်သွားပီ အဲ့ဒီဇေယျာဆိုတဲ့ကောင်နဲ့
သူ့အဖော်ကြောင့် ငါ့သမီးဗိုက်ကြီးနေပီလေ
သစ္စာမရှိတဲ့ယောကျာ်း" တဲ့
ကောင်းရော …

လုပ်တဲ့ကောင်က လုပ်ပီးပြေးပီ
ခံရတော့ ကျုပ်
ဒီကြားထဲ သူ့ခွေးမက မွေးချလိုက်တဲ့
ခလေးတွေက မဆီမဆိုင်
ကျုပ်နဲ့ ရုပ်ချင်းလာဆင်နေတယ်ဗျာ
ကျုပ်မှာ ကိုယ့်ရည်းစားကိုယ် ချော့ချင်ပေမဲ့
သူတို့အိမ်ဘက်ကို ယောင်လို့တောင် မသွားရဲဘူး
တော်ကြာ သူ့ခလေးတွေ သံယောဇဉ်မပြတ်နိုင်လို့
လာကြည့်တာပါဆိုပီး ထပ်စွပ်စွဲနေမှာစိုးလို့

ကျုပ်မှာ ရည်းစားလဲဆုံး ခွေးခလေးအဖေလဲဖြစ်
ခလေးစရိတ်ဆိုပီး တလတခါ မထောက်ပံ့ရတာ
ကံကောင်း …

Credit-Zay Yar
#LoveProGyi

No comments:

Powered by Blogger.