၁၅နှစ်အရွယ်သမီးကို ဖခင်အရင်းမှသားမယားပြုကျင့်ရာ ကိုယ်ဝန်၇လရှိမှပေါ်ပေါက်ခဲ့ အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ >>>>>>>
မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာမှာ ၁၅နှစ်အရွယ်သမီးအရင်းကို ဖခင်ဖြစ်သူက သားမယားပြုကျင့်မှုဖြစ်ပွားခဲ့ရာ ကို ယ်ဝန်၇လရှိမှ ပေါ်ပေါက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဖြစ်စဉ်မှာ သမီးဖြစ်သူနေမကောင်းဖြစ်တာကြောင့် မနေ့(ဇွန် ၉ရက်) မနက် ၈း၀၀အချိန်က မြိတ်မြို့ ရွှေသရဖူဆေးရုံကို သွားရောက်ပြသရာ သားမယားပြုကျင့်ခံရပြီးကိုယ်ဝန် ၇လရှိနေပြီဖြစ်ကြောင်း မိခင်ဖြစ်သူကသိရှိခဲ့ပြီး ရွာကိုပြန်လာကာ ကိုယ်ဝန်ကိစ္စမေးမြန်းခဲ့ပါတယ်။
သမီးဖြစ်သူဟာ ၃၆နှစ်အရွယ် ဖခင်ဖြစ်သူနဲ့အတူ ကျောက်ဖျာကျေးရွာအောက်ပိုင်း ဂိုဒေါင်ပျက်အနီး လှေဆိုက်ကပ်ပြီး ပိုက်ပစ်ဖို့ ရေချိန်မကျသေးတာကြောင့် စောင့်ဆိုင်းနေချိန် အရက်မူးနေတဲ့ဖခင်ဖြစ်သူရဲ့ သားမယားပြုကျင့်မှုခံခဲ့ရ တာဖြ စ်ပြီး မိခင်ဖြစ်သူကိုပြန်ပြောပြလျှင် ပတ်ဝန်းကျင်ကဲ့ရဲ့မှာ စိုးတာကြောင့် မပြောခဲ့ခြင်းဖြစ်ကြောင်း သမီးဖြစ်သူကပြောပြ သဖြင့် မိခင်ဖြစ်သူမှသိရှိခဲ့ကြောင်း မြိတ်ခရိုင်ရဲတပ်ဖွဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သမီးဖြစ်သူ သားမယားပြုကျင့်ခံမှု ဖြစ်စဉ်နဲ့ပတ်သက်ပြီး ခင်ပွန်းဖြစ်သူ စိုးနိုင်လင်းကို အရေးယူပေးပါရန် ယနေ့ (ဇွန် ၁၀ရက်) နေ့လည် ၂း၃၀အချိန် က မိခင်ဖြစ်သူကိုယ်တိုင် တရားလို ပြုလုပ် တိုင်တန်းတာကြောင့် မြိတ်မြို့မရဲစခန်းက (ပ) ၁၁၈၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အမှုဖွင့်လှစ်ပြီး အမှုကို ဒုရဲမှူး မြင့်လွင်က စစ်ဆေးလျက်ရှိကြောင်း သိရပါတယ်။

No comments: