S

ပုံ​လေးကိုတစ်​ချက်​နှိပ်​​ပေးခဲ့​နော်​​ကျေးဇူးတင်​ပါတယ်​။

အမေရိကန် ဒေါ်လာ ထီ ၁ သန်းဆုပေါက်သူတဦး ဝှေးစေ့ရွှေကွပ်ရာမှ သေဆုံး

Atlanta မှ အသက် ၂၈ နှစ်အရွယ် Bryan Silver သည် အမေရိကန်ဒေါ်လာ ထီ ၁ သန်းဆုပေါက်ပြီးနောက် အိပ်မက်များ အမှန်တကယ် ဖြစ်လာခဲ့သည်။

ထို့နောက် သူသည် အလုပ်မှလည်းထွက်လိုက်သည်။
Silver သည် ၂၀၀၂ ခုနှစ် Gold finger ရုပ်ရှင်ဇာတ်ကားမှ ရွှေလူသားများ၏ စွမ်းအင်များကို စွဲလန်းနေသူတဦး ဖြစ်သည်။
မိသားစုဝင်များက Silver သည် ရွှေပြားလုပ်ငန်းများတွင် စုံစမ်းသော်လည်း အန္တရာယ်ရှိသဖြင့် တာမြစ်ခဲ့ကြကြောင်း ပြောပါသည်။

ရွှေရောင်ဆေးများ သုတ်ပြီးနောက် စိတ်ကျေနပ်မှုမရသော Silver သည် ကားရွှေပြားတပ်ဆင်သူတဦးနှင့် ခွဲစိတ်ကာ ရွှေပြားထည့်သွင်းခဲ့သည်။
ခွဲစိတ်ကုသမှု ပြုလုပ်ပြီး ၁၂ နာရီ အကြာတွင် Silver သေဆုံးသွားခဲ့သည်။

Emory University ဆေးရုံမှ ဒေါက်တာ William Rife က Silver သည် ရွှေထဲတွင်ပါဝင်သော ခဲဓာတ်နှင့် ပြဒါးဓာတ်များကြောင့် အဆိပ်သင့် သေဆုံးရခြင်း ဖြစ်သည်ဟု ဆိုသည်။
ရွှေသည် လူ့ခန္ဓာကိုယ်အတွက် အဆိပ်ဖြစ်ကြောင်း၊ ပိုက်ဆံဖြင့် လူ့အသက်ကို ဝယ်ယူ၍ မရကြောင်း လည်းပြောသည်။

Source : သတင်းအတင်း မီဒီယာ

No comments:

Powered by Blogger.