S

ပုံ​လေးကိုတစ်​ချက်​နှိပ်​​ပေးခဲ့​နော်​​ကျေးဇူးတင်​ပါတယ်​။

ပဲ အရမ်းများတဲ့ အပျို ကြီး တစ်ယောက်ဟာ သူ့ကို ချစ်ခွင့်ပန်တဲ့သူတိုင်း အိုက်တင်အရမ်းခံပြီး ငြင်းပယ်ရင်းနဲ့

=😂
ပဲ အရမ်းများတဲ့ အပျို ကြီး တစ်ယောက်ဟာ သူ့ကို ချစ်ခွင့်ပန်တဲ့သူတိုင်း အိုက်တင်အရမ်းခံပြီး ငြင်းပယ်ရင်းနဲ့

အသက် ၅၀ ကျော်သွားတော့ သူ့ကို ကြိုက်မဲ့သူမရှိတော့ဘူး

ဒါနဲ့ နောက်ဆုံး ရှားရှားပါးပါး ၁၆ နှစ်သားကောင်လေး ချစ်သူတစ်ယောက်ရလိုက်တယ် ။။
**-**
တိုတိုပြောရရင်
 ကောင်လေးရဲ့ချိန်ဆိုမှုနဲ့အတူ  ကန်ဘောင်ပေါ်ကို
အပျိုကြီးတစ်ယောက် ရောက်လာပါတော့တယ် ။

 ဒါနဲ့ကန်ဘောင်မြက်ခင်းပေါ် စကားစပြော
တစ်ယောက်နဲ့တစ်ယောက် ဘယ်ဘဝထိ ချစ်ကြမည် ဖြစ်ကြောင်း စသဖြင့်ပေါ့-----

ထီးလေးကွယ်ရင်း ကောင်လေးက
အပျိုကြီးကို အနမ်းတွေပေးပြီး အရမ်းဖက်ထားတော့တယ်

*******
ပြသနာ က အဲ့မှာ စပြီ

 အပျိုကြီးတစ်ယောက် ရည်းစားမထားခဲ့ဖူးဘူးတော့
ရှက်သွေးတွေဖျာ နေတော့တယ် ။

 အဆိုဆုံးက ညက အပျိုကြီးတစ်ယောက် TV ကြည့်ရင်း ပဲကြီးလှော်စားခဲ့တယ် ။

မနက်လာခါနီးတော့ ကြက်ဥပြုတ်လေးလည်းစားခဲ့မိတော့   အပျိုကြီးခမျာ ဗိုက်က ရစ်ပြီး လေလည်ချင်တော့တာပဲ ။
 ကောင်လေးကလည်း အပျိုကြီးကို အတင်းဖက်ထားတော့ ရင်ခွင်ထဲကနေ ရုန်းမရဘူး ။

ဒါနဲ့ အပျိုကြီးတစ်ယောက် မျက်စိကိုမှိတ် အံကိုကြိတ်ပီး လေမလည်မိအောင် တောင့်ခံရင်းနဲ့ ချွေးသီးချွေးပေါက် တွေပါကျလာတော့တယ် 😁

ကောင်လေးကလည်း တင်းကြပ်စွာဖက်ထားတော့

အပျိုကြီးတစ်ယောက် အံကြိတ်နှုတ်ပိတ်ယုံဖြင့်မကပဲ

အခြေအနေမဟန်တော့မှန်း သိတော့
သူရဲ့ခြေမလေးပါ အားအကုန် ကွေးထားတော့တယ်

ဒါကို ကောင်လေးက အလိုက်မသိပဲ

  ကွေးထားတဲ့ အပျိုကြီးရဲ့ခြေမလေးကို မြင်တော့

"ချစ်မရယ် ဒီလောက်လှတဲ့ ခြေမလေးတွေကို
ဘာလို့  ကွေးထားတာလဲပြောတော့"

အပျိုကြီးခမျာ အံကြိတ် ချွေးသီချွေးပေါက်ကျရုံမကပဲ
မျက်လုံးပြူးပြီး ခေါင်းပါခါတော့သည်
(ဆိုလိုချင်တာကတော့ သွားမထိလိုက်နဲ့ပေါ့ )

ဒါနဲ့ကောင်လေးကို မပြောမဆိုနှင့်

ကွေးထားတဲ့ အပျိုကြီးရဲ့ခြေမလေးကို ဆွဲဆန့်လိုက်တော့တယ်

"ဗူးးးးးးးးးးးးးးးးးး"
ပွတ်🎳

(သွားပီ လေလည်သံက အကျယ်ကြီးနှင့် အရှည်ကြီး
အနံ့ဆိုးဆိုးဖြင့် ထွက်သွားတော့သည်)

အပျိုကြီးခမျာ အရှက်ဗြမ်းဗြမ်းကွဲပြီ
ခေါင်းလည်းမဖော်ဝံ့တော့ပါ

ဒါနဲ့ ကောင်လေးခမျာဘာလုပ်လို့ လုပ်ရမှန်းမသိ
အပျိုကြီးမရှက်အောင်လို့  ဤသို့ပြောမိပြောရာ စကားတစ်ခွန်း ပြောထွက်လိုက်တော့သည်

"စောရီး ချစ်မရီးရယ် မရှက်ပါနဲ့

ဒီခလုတ်က

အီးခလုတ်မှန်းမသိလို့ပါ မှားနှိပ်မိတာ

နောက်မနှိပ်တော့ဘူးနော် " ဟူ၍ ပြောချတော့သည်

😂😝

ကျနော့ postကို Copy ယူ၍Credit ပေးနိုင်ပါသည်

စိတ်ညစ်စရာတွေခဏတာမေ့ပြီး  ရယ်မောပျော်ရွှင် နိုင်ကြပါစေဗျာ
                                                          credit
thet paing oo

No comments:

Powered by Blogger.