S

ပုံ​လေးကိုတစ်​ချက်​နှိပ်​​ပေးခဲ့​နော်​​ကျေးဇူးတင်​ပါတယ်​။

ရန်ကုန် (ကလေးဆေးရုံကြီး ) မှ တာဝန်ကျဆရာဝန် ဆရာဝန်မများရဲ့ လူမဆန်တဲ့လုပ်ရပ်ကြောင့် မသေသင့်ပဲသေခဲ့ရတဲ့ အသက် (၉) နှစ်အရွယ် သုံးတန်းကျောင်းသူလေး မအိမြတ်မွန်

ရန်ကုန် (ကလေးဆေးရုံကြီး ) မှ တာဝန်ကျဆရာဝန် ဆရာဝန်မများရဲ့ လူမဆန်တဲ့လုပ်ရပ်ကြောင့် မသေသင့်ပဲသေခဲ့ရတဲ့ အသက် (၉) နှစ်အရွယ် သုံးတန်းကျောင်းသူလေး မအိမြတ်မွန်
=================================================
(၇ - ၁ -၂၀၁၆) ရက်နေ့ တွင် အသက် (၉) နှစ်အရွယ်

သုံးတန်းကျောင်းသူလေး မအိမြတ်မွန်ဟာ ချွဲ ကြပ်ပြီး အသက်ရှူမဝ

ဟုဆိုသဖြင့် ရန်ကုန်ကလေး ဆေးရုံကြီးသို့  တတ်ရောက်ကုသခဲ့သည် ။

မိဘနှစ်ပါးမှာ လှည်းကူးမြို့ ပျင်ထောင်စု ရပ်ကွက် ကျွန်းကလေးကျေးရွာ

မှာ နေထိုက်ကြပါတယ် ။ ကလေး ဆေးရုံကြီးမှာ တတ်ရောက်စဉ်ကာလ

အတွင်း ကလေးဘာဖြစ်တယ် ဘာရောဂါ ဆိုတာကို

မိဘများကမေးသော်လည်း ဆရာဝန် များမှ ဘာရောဂါဖြစ်သည်ဆိုတာကို

မပြော ခဲ့ပေ ၊ မိဘများမှ စိတ်ပူပြီး ဆရာဝန်မ

များကို မေးသည့်အခါတွင် တော့်ကလေး က အချိန်မရွေးသေးမှာဟု

သာ ဖြေကြားသည်ဟု မိဘများကဆိုသည်။(၇ - ၂ -၂၀၁၆) (၇)ရက်နေ့ ည (၈)နာရီ

အချိန်တွင် ကလေးမှာ နေမထိထိုင်မသာဖြစ်ပြီး

လူးလိမ့်ရာမှ ဆေးသွင်းထားတဲ့ပိုက်တွေ အကုန်ပြုတ်ကုန်လို့ 

ဆရာမများကိုသွားခေါ်ပြရာမှ ဆရာမများရောက်လာပြီ

ဘာမှမဖြစ်ပါဘူးဟုဆိုကာ ပိုက်ပြန်တတ်ပြီး ပြန်ထွက်သွားသည်ဟုဆိုသည် ။

 ဆရာမများ ထွက်သား ပြီးမကြာခင်မှာပင် ကလေးမှာ

အသက်ဆုံးသွားသည်ဟု မိဘများကဆိုသည် ။(၈ -၂ -၂၀၁၆) (၈)ရက်နေ့ မနက်

(၈)နာရီလောက်တွင် အလောင်းကိုသယ်ရန် အတွက် မိဘဖြစ်သူများမှ

ဆရာမတို့ ဘယ်လိုအကူအညီပေးနိုင်မလဲဟုမေးသောအခါ ၊ ဆရာမများမှ

ဒီမှာထားခဲ့မလား သယ်မလားဟုမေးသည်

။ နေရပ်ကိုပဲပြန်သယ်ချင်ပါတယ်ဟု မိဘများက ပြောသောအခါ

ဒါဆိုလက်မှတ်ထိုးဟု ဆရာမက လတ်မှတ်ထိုးခိုင်းပါတယ်

 ။ နောက်ပြီးဆရာမက  ရှေ့ အပေါက်က မထွက်နဲ့  ဟုဆိုကာ

အရေးပေါ်လူနာများသယ်ဆောင်သည့် နောက် ဘက်အပေါက်မှ

ထွက်ခိုင်းသည်ဟု ဆိုသည်။ လူနာမှတ်တမ်း ဆေးစာအုပ် ဘာတခုမှ

လူနာမိဘများထံကို ပြန်မပေးလိုက်ပါ ။

(၈)ရက်နေ့ နေ လည် (၂ )နာရီလောက်တွင် မိဘများရှိရာနေအိမ်

လှည်းကူးသို့  နယ်မှ ဆရာဝန် ဆရာမများရောက်လာပြီး

ဒီလူနာကို ဆေးရုံကဆရာဝန်က မဆင်းခိုင်းပဲ

ကိုယ်သဘောနဲ့ ဆင်းသွားတယ်လို့  အထက်က အကြောင်းကြားလို

လာတာပါဟုဆိုကာ လူနာမိဘများကို ပြောပြီးလူနာ

အချေအနေသက်သာလားဟုမေးသည် ။ မိဘများမှ

ဆရာဝန်မှ သေပြီပြောသဖြင့်

လတ်မှထိုးပြီးဆင်းလာခဲ့တဲ့အကြောင်း ပြန်ပြောပြသည် ။ဆရာဝန်များမှ

အလောင်းကိုဓာတ်ပုံရိုက်ပြီး ယူသွားသည်ဟု မိဘများက ပြောသည် ။

 ယခု မအိမြတ်မွန်၏အလောင်းခန္ဓာကိုယ်မှ

အမည်းကွက်များ နေရာအနှံ့ ပေါ်ထွက်နေသည်ဟုသိရပါသည်။

မိဘများမှ ရိုးသားလွန်းတဲ့အတွက် ဘာမှ မသိနားမလည်ကြပါဘူး

(၉)နှစ်သမီးလေးသာရှိသေးတဲ့ သုံးတန်းကျောင်းသူ မအိမြတ်မွန်းအတွက်

မိဘများမှာ စိတ်မကောင်းဝမ်းနည်းယုံမှတပါး အခြားမရှိဖြစ်နေပါသည် ။

 တာဝန်ရှိကြတဲ့ ဌာနဆိုင်ရာလူကြီးများ ကလေးဆေးရုံးကြီးမှာ

တာဝန်ထမ်းဆောင်နေကြတဲ့ အခုလို့ လူမဆန်တဲ့

သားသမီးချင်းကိုယ်ချင်းမစာတဲ့ ဆရာဝန် ယုတ်တွေကို

စစ်ဆေးအရေးယူပေးကြပါလို့ တောင်းဆိုပါတယ်ခင်ဗျာ ။

ကောင်းထက်Media

No comments:

Powered by Blogger.