S

ပုံ​လေးကိုတစ်​ချက်​နှိပ်​​ပေးခဲ့​နော်​​ကျေးဇူးတင်​ပါတယ်​။

ဆိုင်ကယ်ကယ်ရီဌားစီးရာမှကယ်ရီသမားမှအလိုမတူဘဲအဓမ္မပြုကျင့်မှုဖြစ်ပွား

#ဆိုင်ကယ်ကယ်ရီဌားစီးရာမှကယ်ရီသမားမှအလိုမတူဘဲအဓမ္မပြုကျင့်မှုဖြစ်ပွား

      ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်တွင် မိန်းမပျိုတစ်ဦး
မှအလုပ်လျှောက်ရန်လေဘာရုံးသို့ဆိုင်ကယ်ကယ်ရီအား
ဌားစီးရာမှ ကယ်ရီမောင်းသူမှ အလိုမတူဘဲ သားမယား အဖြစ် အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့သည်။

          ဖြစ်စဉ်မှာ 12.6.2017 ရက်နေ့ နံနက်(၈)နာရီ
အချိန်ခန့်တွင် မ××××××(၁၇)နှစ်(ဘ)ဦး××××  ကျောင်း
ကုန်းရပ်ကွက် ရွှေပြည်သာမြို့နယ် နေထိုင်သူသည် မိမိနေ
အိမ်မှ ရွှေပြည်သာမြို့နယ် လေဘာရုံးသို့ အလုပ်လျှောက်
ရန်အတွက်ထွက်လာခဲ့ပြီး YBS-၃၉ ကားစီးကာ ရွှေပြည်
ကွေ့မှတ်တိုင်တွင် ဆင်းခဲ့သည်။

 ထို့နောက်ဂိတ်မှကယ်ရီဌားစီးရာ အင်္ကျီအဖြူနှင့်ဂျင်းဘောင်းဘီ ဝတ်ဆင်ထားသော
စည်သူစိုး(၂၀)နှစ် (ဘ)ဦး×××× အမှတ်မသိ အုတ်ဖိုကျေး
ရွာ၊ ရွှေပြည်သာမြို့နယ် နေထိုင်သူမှ ဆိုင်ကယ်ကယ်ရီခ
(၅၀၀)ကျပ်ဖြင့် လေဘာရုံးသို့လိုက်ပါခဲ့သည်။

လေဘာရုံးတွင် ရဲစခန်းထောက်ခံစာ လိုအပ်သဖြင့် ၎င်းကယ်ရီသမားကပင်ရဲစခန်းသို့လိုက်ပို့ခဲ့သည်။

         ထို့နောက်ရဲစခန်းမှ ပြန်အထွက်တွင် ကယ်ရီသမား
မှ၎င်း၏အသိအိမ်သို့သွားစရာရှိသည်ဟုပြောဆိုကာ ဇေယျာသီရိလမ်းရှိ အမည်မသိတည်းခိုခန်း တစ်ခုသို့ခေါ်ဆောင်ခဲ့ပြီး တည်းခိုခန်းရှေ့အရောက်တွင် ကယ်ရီခ(၂၀၀၀)တောင်းသဖြင့်ထုတ်ပေးခဲ့ကာ ရပ်စောင့်နေခဲ့သည်။

ထို့နောက်ကယ်ရီသမားမှ လက်ကိုအတင်းဆွဲကာ အခန်းတစ်ခုအတွင်းခေါ်ဆောင်ခဲ့ပြီး ကုတင်ပေါ်သို့တွန်းလှဲ၍ သားမယားအဖြစ်အဓမ္မပြုကျင့်ခဲ့သည်။

ထို့နောက်အဝတ်အစားများပြန်ဝတ်
ခိုင်းပြီး ဘယ်သူ့ကိုမှပြန်မပြောနဲ့ ဟုပြောဆိုကာ လေဘာ
ရုံးသို့ပြန်ခေါ်လာပြီး ထားခဲ့၍ ပြန်သွားခဲ့သည်။

             မ××××သည် အိမ်သို့ရောက်ပြီးနောက်မိဘ
များအားပြန်လည်ပြောပြသဖြင့် မိဘများမှရွှေပြည်သာမြို့မရဲ
စခန်းသို့လာရောက်အမှုဖွင့်တိုင်ကြားရာ ရဲအုပ်ဇော်ဝင်း
အောင်နှင့်အဖွဲ့မှ ပြစ်မှုကျူးလွန်သူအားအချိန်မှီဖမ်းဆီးရမိ နိုင်ရေးအတွက် ရွှေပြည်သာဂွေ့ကယ်ရီဂိတ်သို့သွားရောက်
စုံစမ်းရာ အဓမ္မမှုကျူးလွန်သူ စည်သူစိုး မှာအကျီ င်္များအသစ်
လဲလှယ်ထားပြီး တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
         အမှုဖြင့်ပတ်သတ်၍ သားမယားအဖြစ်အဓမ္မပြုကျင့်
သူ စည်သူစိုးအား ကာယကံရှင် မ ×××× မှအမှုဖွင့်တိုင်
ကြားရာ ရွှေပြည်သာမြို့မရဲစခန်းမှ (ပ)၁၄၁၇/၁၇
ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့်လှစ်ပြီး အရေးယူ
ဆောင်ရွက်လျှက်ရှိသည်။

 မြန်မာနိုင်ငံမှုခင်းသတင်းထောက်များအသင်း(MCRA)
 ရှုထောင့်မှုခင်းနှင့်သတင်းအဖွဲ့(SH)
 ရွှေပြည်သာမြို့နယ်ရုံး

By ရဲ ရင့် ထွန်း

ကျုပ်တော့ထူးဆန်းတယ်ထင်တာပဲဒီအမှုက😂😂😂

No comments:

Powered by Blogger.