ကိုရင်တပါးအားသတ်ဖြတ်ပြီးဘုရားစင်အောက်တွင်မြှပ်နှံထားမူ ထိုင်းရဲပြန်ဖော်
ကိုရင်တပါးအားသတ်ဖြတ်ပြီး ဘုရားစင်အောက်တွင် မြှုပ်နှံထားမှု ထိုင်းရဲ ပြန်ဖော်
ထိုင်းနိုင်ငံတောင်ပိုင်း နခွန်းဆီထမရတ်မြို့ရှိ ဘုန်းကြီးကျောင်းတကျောင်းမှာ ကိုရင်တပါးကို သတ်ဖြတ်ပြီး ဘုရားစင်အောက်မှာ မြှုပ်နှံထားတယ်လို့ ခေါဝ်ဆွတ်သတင်းမှာ ဖော်ပြပါတယ်။
ထာ့ဝမ်းရပ်ကွက် တ၀မ်းတုတ်ကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ အသက် ၁၇ နှစ်ရွယ် ပလိုမ့် အမည်ရှိ ကိုရင်တစ်ပါးဟာ လွန်ခဲ့တဲ့ ၅ လလောက်ကတည်းက ပျောက်ဆုံးနေပြီး ဆွေမျိုးတွေက ရဲစခန်းမှာ လာရောက်တိုင်ကြားချက်အရ ရဲတပ်ဖွဲ့ဝင်တွေက စုံစမ်းစစ်ဆေးပြီးနောက် သူ့ရဲ့အလောင်းကို ဇွန်လ ၁ ရက်နေ့က ကျောင်းဝင်းထဲရှိ ဘုရားဆင်းတုတော်တစ်ဆူအောက်မှာ တွေ့ရှိခဲ့တာပါ။
အဆိုပါ ဘုရားဆင်းထုတော်မှာ ဇရပ်တဆောင်ရှေ့မှာတည်ရှိပြီး တာဝန်ရှိသူတွေက မြေတူးစက်တွေနဲ့ တူးဖော်ကြည့်ရာမှာ အပေါ်က အင်္ဂတေ နှစ်ထပ်ခင်းထားပြီး အဲဒီေ အာက်က အနက် ၁ မီတာခွဲမှာ အလောင်းကို မြှုပ်နှံထားတာ ဖြစ်ပါတယ်
via < ဗိုလ် ဗိုလ်
#crd
Credit

No comments: