လက်ထပ်ယူမည်ဆိုပြီးလိမ်လည် ကာမ ဆက်ဆံသူအမှုဖွင့် အရေးယူ
လက်ထပ်ယူမည်ဆိုပြီးလိမ်လည် ကာမ
ဆက်ဆံသူအမှုဖွင့် အရေးယူ
=======================================
ဘရွှေ
ဗွီဒီယိုအခွေအငှားဆိုင်သို့ အခွေသွားငှား သည့် (၁၇)နှစ်အရွယ် မိန်းကလေးကို ချစ်သူ ဖြစ်သူက လိမ်လည်စည်းရုံးကာ သားမယား အဖြစ် နှစ်ကြိမ်ပြုကျင့်ခဲ့သည့်အတွက် အမှုဖွင့် အရေးယူမှု သာကေတမြို့နယ်တွင် ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သာကေတမြို့နယ် (၁၂)ရပ်ကွက် နေ ယခုအမှုမှ တရားလိုမိခင်သည် ဇွန် ၃ ရက် ၌ နေအိမ်တွင်ရှိနေစဉ်(၁၇)နှစ်အရွယ် သမီး ဖြစ်သူ လမ်းထိပ်ရှိ ဗွီဒီယိုခွေအငှားဆိုင်သို့ အခွေငှားရန်ထွက်သွားရာမှ ပြန်မလာသဖြင့် လိုက်လံရှာဖွေခဲ့သည်။
ညပိုင်းတွင် သမီးဖြစ်သူ ပြန်လည်ရောက်ရှိ လာသဖြင့် မိဘများက မေးမြန်းရာ သမီးဖြစ်သူ က ¤င်းနှင့်ချစ်ကြိုက်နေသော ကိုဦးဆိုသူနှင့် တိုင်းရင်းသားကျေးရွာဘက်သို့သွားသော ကားလမ်းဘေးမှောင်ရိပ်တွင် ထိုင်စကားပြော ပြီး ကိုဦးက လက်ထပ်ယူကာ ပေါင်းသင်းမည် ဟုပြောကာ သားမယားအဖြစ် နှစ်ကြိမ်ဆက်ဆံ ခဲ့ကြောင်း၊ ထို့နောက် နေအိမ်ရောက်ခါနီးအထိ စက်ဘီးဖြင့်ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း ပြောပြ၍သိရှိခဲ့သည်။
မိခင်ဖြစ်သူက မိဘအုပ်ထိန်းမှုအောက်မှ မလွတ်ကင်းသေးသော သမီးဖြစ်သူကို လိမ် လည်ကာမဆက်ဆံသူ ကိုဦးအား ဥပဒေအရ အရေးယူပေးရန် တိုင်ကြားခဲ့သဖြင့် သာကေတ နယ်မြေ ရဲစခန်းက (ပ)၅၉၈/၂ဝ၁၇၊ ရာဇသတ် ကြီးပုဒ်မ ၃၆၃ ဖြင့် အမှုဖွင့်အရေးယူထား သည်။
ရန်ကုန် ဇွန် ၅

No comments: