S

ပုံ​လေးကိုတစ်​ချက်​နှိပ်​​ပေးခဲ့​နော်​​ကျေးဇူးတင်​ပါတယ်​။

မူးယစ်ဆေးဝါးရောင်းချမှုကို ဖော်ထုတ်ဖို့ ကြိုးစားတဲ့ မိသားစု အသက်အန္တရာယ် ခြိမ်းခြောက်ခံရ အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ >>>>>>>

လှိုင်သာယာမြို့နယ်မှာ မူးယစ်ဆေးဝါးရောင်းချမှုတွေနဲ့ ပတ်သတ်ပြီး ဖော်ထုတ်ဖို့ ကြိုးစားတဲ့ မိသားစုကို လူမိုက်တွေက ယနေ့ နေ့လည် ၁၂နာရီက အသက်အန္တရာယ် ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။
” လူအုပ်နဲ့ လမ်းထဲအထိ လိုက်လာပြီး ဓားနဲ့ထိုးဖို့ လုပ်ကြတာ ကျွန်တော် တို့ကလည်း တုတ်ဆွဲဓားဆွဲပြန်ဆွဲကြပေါ့ ” ခြိမ်းခြောက်ခံရတဲ့ မိသားစု မှ ကိုအေးလွင် က ပြောပါတယ်။မူးယစ်ဆေးဝါးနဲ့ပတ်သတ်ပြီး ဘာစကားတစ်ခွန်းမှ မဟနဲ့ နောက်တစ်ခါပြောရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ ပြောပါတယ်။ကိုအေးလွင်တို့မိသားစုဟာ လှိုင်သာယာမြို့နယ် ၁၀ ရပ်ကွက် ပခုက္ကူလမ်းမှာ နေထိုင်ကြတာဖြစ်ပြီး ကိုအေးလွင်က အလွတ်တန်းသတင်းထောက်အလုပ်ကို လုပ်ကိုင်တယ်လို့ သိရပါတယ်။ယနေ့ နေ့လည် ၁၂နာရီမှာ လှိုင်သာယာမြို့နယ် ၉ ရပ်ကွက် က ဖြိုးဖြိုး(၁) လက်ဖက်ရည်ဆိုင်မှာ မူးယစ်ဆေးဝါး ရောင်းချနေသူတွေကို ရဲတပ်ဖွဲ့ဝင်တစ်ချို့က ကာကွယ်ပေးတယ်လို့ ယူဆတာနဲ့ ပတ်သတ်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်ဖို့ စီစဉ်ကာ သတင်းထောက်တွေကို ဖိတ်ကြားခဲ့ပါတယ်။ဒါပေမယ့် လှိုင်သာယာသောင်ကြီးရဲစခန်းက စခန်းမှူးအသစ်ရဲ့ တောင်းပန်မှုကြောင့် သတင်းစာရှင်းလင်းပွဲကို ဖျက်ပစ်ခဲ့တယ်လို့ ကိုအေးလွင် က ပြောပါတယ်။အဲ့ဒါနဲ့ အိမ်ပြန်ချိန်မှာ လူ၇ ယောက် ဆိုင်ကယ်၎စီးနဲ့ လိုက်လာပြီး ကိုအေးလွင်တို့ မိသားစုကို ခြိမ်းခြောက်ခဲ့တာဖြစ် ပါတယ်။ အဲ့ဒါအပြင် ရပ်ကွက်အတွင်းက ကိုအေးလွင်သူငယ်ချင်းဖြစ်သူတစ်ယောက်ကိုလည်း ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။“ကျွန်တော်ရဲ့ အမနေမကောင်းလို့ လူမမာလာကြည့်တာ အဲ့ဒီမှာ ကိုအေးလွင်နဲ့ စကားပြောတာကို ပြောရမလားဆိုပြီး ရိုက်တာပါ ” လို့ အရိုက်ခံရတဲ့ ကိုစိုးဝင်း က ပြောပါတယ်။မင်းကိုကော အေးလွင်တို့ မိသားစုတွေပါ သတ်ပစ်မယ်လို့ မျိုးဝင်းအောင်(ခ) ငမျိုးဆိုတဲ့ လူမိုက်က ခြိမ်းခြောက်ခဲ့တာလို့ ပြောပါတယ်။ ဒီနယ်ကနေ ပြောင်းသွားအောင် လုပ်ပစ်မယ်လို့လည်း ပြောပါတယ်။ ဆိုင်ကယ်နဲ့ လူတစ်ယောက်က ဓား ဆွဲထုတ်ပြီး သတ်ပစ်မယ်လို့ ပြောချိန် မျိုးဝင်းအောင်(ခ)ငမျိုးက မင်းလုပ်စရာမလိုဘူးဆိုပြီး မျက်နှာကို ၅ချက် ၆ချက် ဆင့်ရိုက်ခဲ့တယ်လို့ သူကပြောပါတယ်။ ရဲစခန်းကို အကြောင်းကြားမှ အဆိုပါ လူတွေ ပြန်သွားတာလို့ သိရပါတယ်။“ကျွန်တော်တို့ကို အချိန်ပေးပါဦး။ စိတ်ကျေနပ်အောင် ဆောင်ရွက်ဖို့ ကြိုးစားနေပါတယ် “လို့ လှိုင်သာယာသောင်ကြီးရဲစ ခန်းက စခန်းမှူး ရဲအုပ်မြင့်ဇော်ဦးက ပြောပါတယ်။သည်စခန်းကို ပြောင်းလာတာ ရက်ပိုင်းပဲရှိသေးတဲ့အတွက် အကြောင်းစုံ မသိရသေးလို့ သတင်းစာရှင်းလင်းပွဲကို ရွေ့ဖို့ အကူအညီတောင်းတာဖြစ်တယ်လို့ သူက ပြောပါတယ်။ဦးအေးလွင်က ယခင် စခန်းမှူး ဦးချစ်ကိုကို လက်ထက်မှာရပ်ကွက်အတွင်းကမူးယစ်ဆေးဝါးရောင်းချသူ ၂ဦးကို အရေးယူပေးဖို့ အသိသက်သေတွေနဲ့တကွ တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် အရေးယူဆောင်ရွက်ခြင်း မရှိခဲ့ဘဲ စခန်းမှူးအပြောင်းအလဲဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။

No comments:

Powered by Blogger.