S

ပုံ​လေးကိုတစ်​ချက်​နှိပ်​​ပေးခဲ့​နော်​​ကျေးဇူးတင်​ပါတယ်​။

အမေရင်းကို သတ်ပြီးမြေမြှုပ်လိုက်တယ်လို့ ဝန်ခံလိုက်တဲ့ ၁၇ နှစ်အရွယ်သမီးငယ်နဲ့ ရည်းစား

အမေ မရှိရင် လွတ်လပ်မယ်၊ အမွေတွေလည်း ရမယ်လို့ ရည်းစားဖြစ်သူက ပြောတာကို ယုံကြည်ပြီး အသက်(၁၇)နှစ်အရွယ် သမီးငယ်နဲ့ ရည်းစားဖြစ်သူက အမေကိုသတ်ပြီး မြေမြှုပ်လိုက်တယ်လို့ ဝန်ခံလိုက်ပါတယ်။

ထိုင်းနိုင်ငံ နခွန်းစဝမ် ရဲတပ်ဖွဲ့က အချိန်တစ်နှစ်ကြာ ပျောက်ဆုံးနေခဲ့တဲ့ အသက်(၃၃)နှစ်အရွယ် နန်းချွမ်ဖူးနွတ်မန့်ကျန့်ရဲ့အရိုးစုကို မိုင်းခရိုင် နခွန်းစဝမ်မြို့နယ်ရှိ ခွန့်ဝါလီးကျေးရွာ၊ ပန်မုန့်ရပ်ကွက်၊ အိမ်အမှတ်(၂၉/၁)ရဲ့ အိမ်ခြံဝင်းထဲမှာ ရှာဖွေတွေ့ရှိခဲ့တာပါ။

သတ်ရတဲ့ အကြောင်းရင်းက အမေမရှိရင် သူတို့ကို ပိတ်ပင်တဲ့လူလည်း မရှိတော့တဲ့ အတွက် လွတ်လွတ်လပ်လပ် အတူနေရမယ်။ အမွေတွေအားလုံးကိုလည်း ရမယ် ဆိုပြီး ရည်းစားဖြစ်သူရဲ့ အကြံပေးတာကို နားထောင်မိရာကနေ ဒီလိုဖြစ်ရပ်မျိုးကို ကြံစည်မိတာလို့ သမီးဖြစ်သူက ၀န်ခံထားပါတယ်။

လက်ရှိမှာ ၀န်ခံထားတဲ့ သမီးဖြစ်သူကို  သက်သေတွေအရ ဥပဒေအတိုင်း ဆက်ပြီး စစ်ဆေးကာ အရေးယူသွားမယ်လို့ ရဲတပ်ဖွဲ့က ဆိုထားပါတယ်။

ဒီအမှုမှာ တရားခံက သူတို့နှစ်ယောက်တည်း မဖြစ်နိုင်ဘူးဆိုပြီး သေဆုံးသူရဲ့အစ်ကိုဖြစ်သူကတော့ ထပ်မံစုံစမ်း စစ်ဆေးပေးဖို့ ရဲတပ်ဖွဲ့ကို တောင်းဆိုထားပါတယ်။

ဘာသာပြန်။  ။ နန်းမောက်ကွမ်
Ref; kapook , brighttv.co.th

No comments:

Powered by Blogger.