S

ပုံ​လေးကိုတစ်​ချက်​နှိပ်​​ပေးခဲ့​နော်​​ကျေးဇူးတင်​ပါတယ်​။

ခင်ပွန်းဖြစ်သူက တစ်အိမ်တည်း အတူနေသည့် ညီမအရင်းကို သားမယားအဖြစ်ပြုကျင့်မှုဖြစ်ပွား အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ >>>>>>>

၁၂-၆-၂၀၁၇ ရက်နေ့ ၁၀နာရီအချိန် ကျိုက်မရောမြို့နယ် ဖနုံကျေးရွာရှိ မုဒုံမြို့ ဘုရားလေးဆူရပ်ကွက် နေဦးမောင် (ခ) ဦးတင်ဝင်း ပိုင်ဆိုင်သည့် ရာဘာခြံ၌ အငှါးနေထိုင်သူ မမေသဲဖြူမှ ချောင်းနှစ်ခွနယ်မြေရဲစခန်းသို့ရောက်ရှိလာသည်။
၁၁-၆-၂၀၁၇ရက်နေ့ ၁၇ : ၃၀အချိန်တွင် ၄င်းနှင့်အတူ တစ်အိမ်တည်း အတူနေသည့် ညီမအရင်းတော်စပ်သူမစု(ခ) စုစု လင်း (၉) နှစ် မောင်တော်စပ်သူ သားငယ်(ခ) ခေါင်းကြီး (နှစ်ခင်ပွန်းဖြစ်သူ ကျော်သက် (၂၀) နှစ်တို့ (၄) ဦးသည် ကျို က်မရောမြို့နယ် ဖနုံကျေးရွာအနောက်ပိုင်းရှိ ဒေါ်လတီ (ခ) အပျိုကြီး၏ လယ်ကွင်းအတွင်း စိုက်ပျိုးထားသည့် ခရမ်းပင် များမှာ ပိုးကျနေ၍ နေအိမ်အနီးသို့ ပြောင်းရွှေ့စိုက်ပျိုးရန်သွားရောက်ခဲ့သည်။ခရမ်းပင်များအား မောင်ဖြစ်သူသားငယ် (ခ) ခေါင်းကြီးနှင့်အတူ ပထမအကြိမ် နေအိမ်သို့ သယ်ယူထဲ့ကာ မောင်ဖြစ် သူ သားငယ် (ခ) ခေါင်းကြီးမှာ ခရမ်းစိုက်ခင်းသို့ပြန်ထွက်သွားခဲ့သည်။၁၉ : ၀၀ အချိန်ခန့် ခင်ပွန်းဖြစ်သူကျော်သက်မှာ ဆိုင်ကယ်ဖြင့် ညီမဖြစ်သူ မစု(ခ)စုစုလင်းအားနောက်မှ တင်ဆောင်ကာ နေအိမ်သို့ပြန်လည် ရောက်ရှိလာသည်။ မောင်ဖြစ်သူသားငယ် (ခ) ခေါင်းကြီးမှာ စက်ဘီးဖြင့်နောက်မှ ပြန်ရောက်လာ စဉ်ညီမဖြစ်သူ မစု(ခ) စုစုလင်း၏ အင်္ဂါစပ်မှသွေးများ ထွက်နေကြောင်း မောင်ဖြစ်သူမှပြောပြသိရှိရသည်။ညီမဖြစ်သူအား ဘာဖြစ်တာလဲဟု မေးမြန်းရာ မိန်းမအင်္ဂါအတွင်း မျှော့ဝင်သည်ဟု ပြောပြသိရှိရ၍ လက်နှစ်ချောင်းဖြင့် အင်္ဂါစပ်သို့ ထိုးသွင်းနှိုက်ကြည့်ရာ မျှော့မတွေ့ရဘဲ သွေးထွက်များနေသောကြောင့် မောင်ဖြစ်သူနှင့်အတူ ဖနုံကျေး ရွာေ ဆးခန်းသို့ သွားရောက်ပြသခဲ့သည်။
သွေးထွက်များသောကြောင့် ခင်ပွန်းကျော်သက်နှင့် အိမ်နီးချင်းနေဒေါ်သောင်းရီတို့နှင့် အတူမုဒုံဆေးရုံမှ တဆင့်ေ မာ် လမြိုင်မြို့ ကလေးအထူးကု ဆေးရုံသို့တင်ပို့ ကုသခဲ့သည်။ တာဝန်ကျ ဆရာဝန် ဒေါက်တာဇာခြည်ဦးမှ ညီမဖြစ်သူ မစု(ခ)စုစုလင်း၏ မိန်းမကိုယ်မှ သွေးထွက်နေခြင်းမှာ သားမယားအဖြစ်ပြုကျင့်ခံထားရသည့် လက္ခဏာဖြစ်ကြောင်း ပြောပြခဲ့သည်။ညီမဖြစ်သူ မစု(ခ)စုစုလင်းအား ထပ်မံမေးမြန်းရာ ခရမ်းစိုက်ခင်းအတွင်းရှိ ဓနိမိုး ဓနိကာ ဝါးခင်းတဲအတွင်း၌ခင်ပွန်းဖြစ်သူ ကျော်သက်နှင့် နှစ်ဦးတည်းကျန်ရှိခဲ့စဉ် ကျော်သက်မှ မစု(ခ)စုစုလင်းအား သားမယားအဖြစ် (၁) ကြိမ်ပြုကျင့်ခဲ့ခြင်းဖြ စ်ကြောင်းပြောပြသိရှိရသည်။အရွယ်မရောက်သေးသည့် ညီမဖြစ်သူ မစု(ခ)စုစုလင်းအား အလိုမတူဘဲ အဓမ္မပြုကျင့်သည့် ခင်ပွန်းဖြစ်သူကျော်သက် အား ဥပဒေအရ အရေးယူပေးပါရန် အမှုဖွင့်တိုင်တန်းသဖြင့် ချောင်းနှစ်ခွနယ်မြေ ရဲစခန်း(ပ)၃၁/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ၃၇၆ဖြင့် ဖမ်းဆီးအရေးယူ ကာရဲအုပ်တင်အောင်ဟိန်းမှ ၄င်းအမှုအားစစ်ဆေးဆောင်ရွက်လျှက်ရှိပါသည်။

No comments:

Powered by Blogger.