==================================================
ref ; Metro
မဲလ်ဘုမ်း ၊ ဇွန် ၃
မိုနစ်ရဲ့ ညီမဖြစ်သူက သူမအတွက် Go Fund Me Page ဆိုတဲ့ ပေ့ခ်ျ ကိုထူထောင်ပြီး ဆေးကုသစရိတ်ကို ကာမိအောင် အကူအညီတောင်းခံ ထားပါတယ်။
Thomas
(unicode)
【 Odd News 】 နှာချေလို့လည်ပင်းရိုးကျိုးသူကို ဟာသပြောပြမိလို့ အရယ် လွန်ပြီး နောက်တစ်ခါထပ်ကျိုး
မဲလ်ဘုမ်း ၊ ဇွန် ၃
နှာချေတာအရှိန်ပြင်းပြီး လည်ပင်းရိုးကျိုးခဲ့တဲ့သူကို လုပ်ဖော်ကိုင်ဖက် တစ်ယောက်က ဟာသပြောပြမိလို့ နောက်တစ်ခါ ထပ်မံလည်ပင်ရိုးကျိုး သွားတဲ့ဖြစ်ရပ်ဟာ သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ အမှန်တကယ် ဖြစ်ပွားခဲ့ပါတယ်။
မိုနစ်ဂျက်ဖာရီ လို့ခေါ်တဲ့သြစတြေးလျသူဟာ လွန်ခဲ့တဲ့ ၂၀၁၂ မတ်လ ကပြင်းပြင်းထန်ထန်နှာချေမိရာကတစ်ဆင့် လည်ပင်းထဲမှာရှိတဲ့ ကျောရိုးနဲ့ တစ်ဆက်တည်း အရိုးဟာ ကျိုးကြေသွားခဲ့ရပါတယ်။အဲဒီနောက် ပျောက် ကင်း သက်သာပြီး ဧပြီလတုန်းက လုပ်ငန်းခွင်မှာ ဟာသနားထောင်ပြီး လိုက်ရယ်မိတဲ့အတွက် ဒုတိယအကြိမ် လည်ပင်းရိုးကျိုးခဲ့ရတယ်လို့
ဇွန် ၂ ရက်နေ့ ဗြိတိန်အခြေစိုက် Metro အရသိရပါတယ်။
CT ဓာတ်မှန်ရိုက်ကူးချက်အရ အရင်တစ်ခေါက်က ကျိုုးခဲ့ဖူးတဲ့ အရိုးနှစ်ခုပဲ ထပ်မံကျိုးသွားတာဖြစ်ကြောင်းလည်းသိရပါတယ်။အသက် ၃၃ နှစ်အရွယ် ရှိပြီဖြစ်တဲ့ မိုနစ်ဟာ ဆေးရုံမှာလည်ပင်းရိုးကိုတည့်မတ်ပေးတဲ့ ကိရိယာ အကူအညီနဲ့ ၁၄ပတ်ကြာနေ့ခဲ့ရပါတယ်။
လက်ရှိအချိန်မှာတော့ အသက် ၃၆ နှစ်အရွယ်ခင်ပွန်းဖြစ်သူ ဆမ်၊ အသက် ၆ နှစ်အရွယ်သားဖြစ်သူ သောမတ် နဲ့ ၂ နှစ်သမီး မာစီတို့နဲ့အတူ နေအိမ်မှာ ပြန်လည်နေထိုင်နေပြီဖြစ်ပြီး အတော်အသင့်လှုပ်ရှားလို့ရနေပါပြီ။
မိုနစ်ရဲ့ ညီမဖြစ်သူက သူမအတွက် Go Fund Me Page ဆိုတဲ့ ပေ့ချ် ကိုထူထောင်ပြီး ဆေးကုသစရိတ်ကို ကာမိအောင် အကူအညီတောင်းခံ ထားပါတယ်။
မိုနစ်ကပြောပါတယ်။“ ရီလည်းမရီတော့ဘူး၊ နှာလည်းမချေတော့ဘူး၊ ကျမတစ်ချိန်လုံးသတိထားမှပါပဲ ” တဲ့။
No comments: