S

ပုံ​လေးကိုတစ်​ချက်​နှိပ်​​ပေးခဲ့​နော်​​ကျေးဇူးတင်​ပါတယ်​။

အတုတွေထုတ်ပြန်ပြီ 😡😡😡😡 သူတို့နိုင်ငံကလာတဲ့ဟာတွေဆိုရင် အတုရီးတွေ အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ >>>>>>

တရုတ်နိုင်ငံကို သွားရောက်လည်ပတ်တဲ့အခါ အကောင်းဆုံးလုပ်စရာတွေကတော့ လမ်းဘေးအစားအစာတွေ လိုက်လံစားသောက်ဖို့နဲ့ ဈေးတအားချိုတဲ့ ဘီယာတွေ သောက်သုံးဖို့ပဲဖြစ်ပါတယ်။ ( အောက်ဆုံးတွင် ဗီဒီယိုဖိုင် တွဲတင်ပေးထားပါသည် )လူအများစုက တရုတ်နိုင်ငံက ဘီယာတွေကို ကမ္ဘာပေါ်မှာ ဈေးအပေါဆုံးလို့တောင် သတ်မှတ်နေကြလျက်ရှိပါတယ်။ ဒါပေမယ့် ဒီလိုသတ်မှတ်ကြသူတွေဘက်က ဘီယာတွေ ဘာဖြစ်လို့ ဒီလောက်တောင် ဈေးပေါနေရသလဲဆိုတာ သေချာ မသိရှိခဲ့ကြပါဘူး။အခုတော့ သေသေချာချာ သိရှိနိုင်မယ့် ရုပ်သံဗီဒီယိုတစ်ခု ထွက်ပေါ်လို့လာခဲ့ပါပြီ။ ဒီဗီဒီယိုထဲမှာ မြင်တွေ့ခဲ့ရတာက တရုတ်နိုင်ငံ Dongguan, Guangzhou ဒေသက စက်ရုံတစ်ရုံမှာ ကမ္ဘာကျော်ဘီယာအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Budweiser ဘီယာကို အတုလုပ်နေကြတဲ့ ဝန်ထမ်းတွေရဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ်။ထိုစက်ရုံထဲက အမျိုးသမီးဝန်ထမ်းများဟာ အသုံးပြုပြီးသား Budweiser ဘီယာဗူးခွံများကို ဘီယာအရည်တွေ လို့ ထင်ရတဲ့ ( ဘယ်လိုပါဝင်ပစ္စည်း ရောစပ်ထားမလဲဆိုတာ သေချာမသိရတဲ့ ) အထဲမှာ နှစ်မြှပ်ပြီး ဘီယာအတုတွေ ဖန်တီးနေတာကို အံသြဖွယ် မြင်တွေ့ခဲ့ရပါတယ်။ ဒါဟာ Budweiser အမှတ်တံဆိပ်နဲ့ အထဲက ဘီယာအတုကိုရောပြီး ဈေးကွက်မှာ လိမ်ညာရောင်းချဖို့ ကြိုးစားနေတယ်ဆိုတာ အသိသာကြီးပဲဖြစ်ပါတယ်။
ဒီဗီဒီယို ထွက်ပေါ်ပြီးနောက်မှာ အာဏပိုင်များက ဘီယာအတုထုတ်လုပ်တဲ့ စက်ရုံအတွင်းကို စီးနင်းဝင်ရောက်ခဲ့ရာ ဘီယာအတုပေါင်း ခြောက်သိန်းနီးပါးလောက်ကို ရှာဖွေတွေ့ရှိသွားခဲ့ရပါတယ်။ ဒီလို Budweiser အမှတ်တံဆိပ်ကို နာမည်ခုတုံးလုပ်ပြီး ဘီယာအတုတွေ ထုတ်လုပ်နေတဲ့ စက်ရုံကိုလည်း ရဲတပ်ဖွဲ့ဝင်များနဲ့အတူ ဖမ်းဆီးမှုတွေ ပြုလုပ်ပြီး တရားဥပေဒနည်းလမ်းအရ ပြင်းပြင်းထန်ထန်ကို တရားစွဲဆိုသွားမယ်လို့ Budweiser ဘီယာကုမ္မဏီရဲ့ ပြောရေးဆိုခွင့် ရှိသူ Ming Pao က ဟောင်ကောင်အခြေစိုက် တရုတ်သတင်းစားကနေ ထုတ်ပြန်ပြော ဆိုထားခဲ့ပါတယ်ခင်ဗျာ။

No comments:

Powered by Blogger.