S

ပုံ​လေးကိုတစ်​ချက်​နှိပ်​​ပေးခဲ့​နော်​​ကျေးဇူးတင်​ပါတယ်​။

လူမျက်နှာပုံသဏ္ဍာန်ရှိတဲ့ နွားတစ်ကောင် မွေးဖွား

အိန္ဒိယနိုင်ငံမှာ လူမျက်နှာပုံသဏ္ဍာန်ရှိတဲ့ နွားတစ်ကောင် မွေးဖွား
*********************************************************
အိန္ဒိယနိုင်ငံ အူတာပရာဒက်ရှ်ပြည်နယ်မှာ လူမျက်နှာပုံသဏ္ဍာန်ရှိတဲ့ နွားတစ်ကောင်ကို မွေးဖွားခဲ့တယ်လို့ Daily Mail သတင်းမှာဖော်ပြထားပါတယ်။ မနေ့က အဲ့ဒီနွားကို မွေးဖွားခဲ့တာဖြစ်ပြီး မွေးဖွားပြီးချင်း နာရီပိုင်းအကြာမှာပဲ သေဆုံးသွားပါတယ်။ အဲ့ဒီနွားပေါက်လေးမှာ လူပုံသဏ္ဍာန်အတိုင်း မျက်လုံး၊ နှာခေါင်းနဲ့ နားတွေရှိပြီး ခန္ဓာကိုယ်အောက်ပိုင်းကတော့ နွားတစ်ကောင်ရဲ့ အစိတ်အပိုင်းတွေအတိုင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလို လူမျက်နှာပုံသဏ္ဍာန်ရှိတဲ့ နွားမွေးတယ်ဆိုတဲ့ သတင်းပျံ့နှံ့သွားပြီးနောက် နီးစပ်ရာရွာတွေက ဒေသခံတွေဟာ စုရုံးရောက်ရှိလာကြပါတယ်။ အဲ့ဒီနွားပေါက်လေးဟာ ဟိန္ဒူနတ်ဘုရား တစ်ပါးဖြစ်တဲ့ အရှင်ဗိဿနိုးဝင်စားတယ်လို့ ယူဆတာကြောင့် ပန်းတွေနဲ့ လာရောက်ပူဇော်ကြပါတယ်။ အဲ့ဒီနွားပေါက်ရဲ့ ရုပ်အလောင်းကို ဘုရားကျောင်းဆောက်လုပ်ပြီး ကိုးကွယ်ဖို့ စီစဉ်နေတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

5 Plus News

No comments:

Powered by Blogger.