S

ပုံ​လေးကိုတစ်​ချက်​နှိပ်​​ပေးခဲ့​နော်​​ကျေးဇူးတင်​ပါတယ်​။

သားမယားအဖြစ် ခေတ္တပေါင်းသင်းပြီး ကေတီဗွီမာဆက်သို့ ပို့ဆောင်ခဲ့သူ ရဲတပ်ဖွဲ့ဝင်ကို အရေးယူ အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ

ရန်ကုန်မြောက်ပိုင်းခရိုင် ရွှေ ပြည်သာမြို့နယ်တွင် လေးလကြာ ချစ်ကြိုက်ခဲ့သည့် အမျိုးသမီး ငယ်တစ်ဦးကို ရဲတပ်ဖွဲ့ဝင် တစ် ဦးက ဇနီးမယားရှိလျက်နှင့် ခေတ္တ ခဏပေါင်းသင်းခဲ့ပြီး မိခင်ဖြစ်သူ မှတစ်ဆင့် နယ်ရှိ ကေတီဗွီမာဆက် သို့ပို့ဆောင် အလုပ်လုပ်ခိုင်းခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ဇွန်လ ၄ ရက်က ကာယကံရှင်အမျိုးသမီး ငယ်၏ အမှုဖွင့်တိုင်ကြားချက် ကြောင့် အဆိုပါ ရဲတပ်ဖွဲ့ဝင်အား တစ်လင်တစ်မယားကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေပုဒ်မ-၁၃ ဖြင့် ယမန်နေ့ မွန်းလွဲ ၃ နာရီ ခွဲက ဖမ်းဆီးအမှုဖွင့်အရေးယူခဲ့ကြောင်း ရွှေပြည်သာမြို့နယ် ရဲတပ်ဖွဲ့စခန်း မှ သိရသည်။”ဒီနေ့ကျွန်တော်တို့ကာယကံ ရှင်အမျိုးသမီးငယ်ကို ခေါ်ယူတွေ့ ဆုံပြီး စစ်ချက်ရယူတယ်။ ပြစ်မှု ကျူးလွန်တယ်လို့ တိုင် ကြားခံရတဲ့ ရဲတပ်သားကိုတော့ ယမန်နေ့ မွန်းတည့် ၁၂ နာရီလောက်ကပဲ ဖမ်းဆီးထားပြီးပါပြီ။ ရဲတပ်သားရဲ့ မိခင်ကို လ ည်း အသေးစိတ်စစ်ဆေး မှုတွေလည်းပြုလုပ်ပြီး ဥပဒေအကြံ တောင်းတင်တဲ့အခါ ဥပဒေအရာရှိ ရဲ့ ပြန်ကြားချက်အတိုင်း ဆက်ပြီး အရေးယူသွားမှာပါ”ဟု ရွှေပြည် သာ ရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူး ခင်ဇော်က ပြောသည်။အဆိုပါဖြစ်စဉ်မှ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ကို ရွှေပြည်သာမြို့နယ် ရဲတပ်ဖွဲ့ စခန်းမှ ရဲတပ်သားဖြစ် သူ ငြိမ်းကို ထွန်းဆိုသူက လွန်ခဲ့သောနှစ်က ချစ်ကြိုက်ကြောင်းပြောဆိုပြီး ဇနီး မယားတရားဝင်ရှိလျက် ကာမရယူ ခဲ့သ ည့်အပြင် ကိုယ်ဝန်ရှိကြောင်း နှင့် တရားဝင်ပေါင်းသင်းရန် ပြော သောအချိန်တွင် မြို့နယ်အတွင်းရှိ အခြားအဆောင်များ၌ ထားရှိပြီး လာရောက်တွေ့ဆုံခြင်းမရှိတော့ဘဲ ရဲတပ်သား၏မိခင်ဖြစ်သူမှတစ်ဆင့် အမျိုးသမီးငယ်ကို စစ်တွေမြို့ တမ်းတ သူအမည်ရှိ ကေတီဗွီ၊ မာဆက်သို့ ပို့ဆောင်အလုပ်စေခိုင်း ခဲ့သည့်အပေါ် အမျိုးသမီးငယ်က မိဘများနှင့် ဆက်သွယ်မှုရ ယူ၍ ရွှေပြည်သာ ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သောဖြစ်စဉ် ဖြစ်သည်။မှုခင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရွှေပြည်သာမြို့နယ် ဥပဒေအကြံ ပေးအရာရှိဦးဝင်းကြည်ကို သွား ရောက်တွေ့ဆုံမေးမြန်းရာ ဦးဝင်း ကြည်က”အမှုတွဲကတော့ ကျွန် တော့်ဆီမရောက်လာသေးဘူး။ ရဲ ရဲ့စစ်ဆေးမှုတွေကို အကြံတောင်း လာတင် ရင်တော့ စစ်ဆေးမှုမှတ် တမ်းတွေမှာ တွေ့ရှိချက်တွေကို ကြည့်ပြီး ရဲတပ်သားငြိမ်းကိုထွန်း ရဲ့ မိခင်အပေါ် ပြန်ကြားရမှာ ပါ” ဟု ရှင်းပြခဲ့သည်။အမှုတိုင်ကြားမှုအပေါ် ရဲတပ် သား ငြိမ်းကိုထွန်းကို ရွှေပြည် သာရဲတပ်ဖွဲ့စခန်းမှ (ပ)၁၃၃၉/ ၂ဝ၁၇ တစ်လင်တစ် မယား ကျင့် သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ -၁၃ ဖြင့် ဖမ်းဆီးအမှုဖွင့်အရေးယူထား ကြောင်း သိရသည်။
ကိုကိုနိုင်(ရွှေပြည်သာ)
The Union Daily
Source : https://www.facebook.com/uniondaily.net

No comments:

Powered by Blogger.