S

ပုံ​လေးကိုတစ်​ချက်​နှိပ်​​ပေးခဲ့​နော်​​ကျေးဇူးတင်​ပါတယ်​။

သတင်းအရရှာ​ဖွေရာ ပါစပ်​အတွင်းမှ အနက်​​ရောင်​တိပ်​ဖြင့်​ပတ်​လျက်​ထုပ်​ထားသည့်​မူးယစ်​​ဆေးဝါး သိမ်းဆည်းရမိ

မူးယစ်သတင်းအရရှာဖွေရာ ပါးစပ်အတွင်းမှ အနက်ရောင်တိပ်ဖြင့်ပတ်လျက်ထုပ်ထားသည့် မူးယစ်ဆေးဝါး သိမ်းဆည်းရမိ

မန္တလေး၊ ဇွန် ၂

၁-၆-၂၀၁၇ ရက်နေ့ နေ့လည် ၁၂ နာရီအချိန် မူးယစ်တပ်ဖွဲ့စု(၁၇)မှ တပ်ဖွဲ့ဝင်များသည်  သက်သေများနှင့်အတူ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာမြို့သစ်၊ ၅၆xခတ္တာလမ်းထောင့်တွင် ထွန်းဝေလင်း ၁၆ နှစ်၊ မြရည်နန္ဒာမြို့သစ်၊ ချမ်းမြသာစည်မြို့နယ်နေသူ မောင်းနှင်ပြီး မနီလာအောင်(ခ) သဇင်အောင် ၂၃ နှစ်၊ သလဲကုန်းရွာ၊ ပုသိမ်ကြီးမြို့နယ်နေသူနောက်ထိုင်လိုက်ပါသည့် CZI-125 ဆိုင်ကယ်အားရပ်တန့်စစ်ဆေးရာ နီလာအောင်၏ပါးစပ်အတွင်းမှ အနက်ရောင်တိပ်ဖြင့်ပတ်လျက် ပလပ်စတစ်အပိုင်းငယ်ဖြင့် ထုပ်ထားသည့် 88/1 စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၄၀ ပြား၊ အလေးချိန် ၄ ဂရမ်ခန့်အား သိမ်းဆည်းရမိပြီး မနီလာအောင်အားစစ်မေးရာ သလဲကုန်းရွာရှိ ၎င်း၏နေအိမ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများကျန်ရှိကြောင်း ထွက်ဆိုသဖြင့် နေ့လည် ၂ နာရီအချိန် သွားရောက်ရှာဖွေရာ နေအိမ်အိပ်ခန်းရှိ TV စင်အောက်မှ ကော်ဘူးဖြင့်ထည့်လျက် 88/1 စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀ ပြား၊ အလေးချိန် ၁၀ ဂရမ်၊ စုစု ပေါင်းဆေးပြား ၁၄၀ ပြား၊ အလေးချိန် ၁၄ ဂရမ်(တန်ဖိုး ၇ သိန်း ကျပ်ခန့်)အား သိမ်းဆည်းရမိသဖြင့် အောင်ပင်လယ်နယ်မြေ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း သတင်းရရှိသည်။

*Mandalay Police*
#Edkza
Credit


No comments:

Powered by Blogger.