(၁)နှစ်နဲ့ (၈)လ ကလေးကို မုဒိန်းကျင့် ခဲ့တဲ့ အမျိုးသား သေဒဏ်ပေးခံရ
အီဂျစ်နိုင်ငံက အသက်(၃၅)နှစ်အရွယ် အမျိုးသားတစ်ဦးဟာ အသက်(၁)နှစ်နဲ့ (၈)လအရွယ်သာရှိသေးတဲ့ ကလေး
ငယ်မိန်းကလေးကို မုဒိန်းကျင့်ခဲ့တဲ့အတွက် သေဒဏ်ပေးခံခဲ့ရပါတယ်။
အဲဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ မတ်လက အီဂျစ်နိုင်ငံ၊ ကိုင်ရိုပြည်နယ်အရှေ့မြောက်ဒေသဖြစ်တဲ့ Al-Daqahliyah Governorate မြို့နယ်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဖြစ်စဉ်မှာ လမ်းလျှောက်တက်ခါစ ကလေးငယ်ဟာ သူ့ရဲ့ အိမ်
လေသာဆောင်မှာ ဆော့နေတာဖြစ်ပါတယ်။ ဒါကို အသက်(၃၅)နှစ်အရွယ် အမျိုးသားက မိဘအလစ်မှာ အဲဒီကလေး ငယ်ကို ခေါ်ပြီးထွက်ပြေးသွားတာဖြစ်ပါတယ်။ ပြီးမှ လူမနေတဲ့အခန်းထဲမှာ ကလေးငယ်စော်ကား မုဒိန်းကျင့်ခဲ့တာဖြစ်
ပါတယ်။ သူ့ရဲ့လူမဆန်တဲ့ယုတ်မာမှုကြောင့် ကလေးငယ်ဟာ ထိခိုက်ဒဏ်ရာရမှုအလွန်ပြင်းထန်ခဲ့ပြီး ခွဲစိတ်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ရပါတယ်။
မုဒိန်းကျင့်သူအမျိုးသားဟာလည်း သူ့ရဲ့ပြစ်ဒဏ်ကို ပြီးခဲ့တဲ့ ဧပြီလက ၀န်ခံခဲ့ပါတယ်။ ဒါကြောင့် သူ့ကို တရားရုံမှ
သေမိန့်ပေးခဲ့ပါတယ်။ အဲဒီအမျိုးသား သေမိန့်မကျခံရခင် ကလေးငယ်မိသားစုနဲ့ ဆွေမျိုးအသိုင်းအ၀ိုင်းက မီဒီယာတွေ ကတဆင့် တရားခံကို သေမိန့်ပေးဖို့ တွန်းအားပေးခဲ့တယ်လို့ သိရပါတယ်။
ကလေးငယ်ရဲ့အဘိုးဖြစ်သူက ”အသက် (၃၅)နှစ်အရွယ်က နှစ်နှစ်တောင်မပြည့်သေးတဲ့ ကလေးငယ်ကို ဘယ်လို စိတ်နဲ့ စော်ကားလည်း မသိပါဘူး။ကျူးလွန်ခဲ့တဲ့ လူဟာလည်းလူစကားမပြောဘဲ ခွေးအရေ ခွံသာခြုံရမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။
Source; The Sun


No comments: