S

ပုံ​လေးကိုတစ်​ချက်​နှိပ်​​ပေးခဲ့​နော်​​ကျေးဇူးတင်​ပါတယ်​။

အိမ်အကူမိန်းကလေးအား ဒဏ်ရာများရရှိအောင် ညှင်းပန်းနှိပ်စက်သူများကို အမှုဖွင့်အရေးယူ အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ

ဒဂုံမြို့သစ်(ဆိကမ်း)မြို့နယ်၊ (၉၄)ရပ်ကွက်နေ ရာအိမ်မှူးတာဝန်ထမ်း ဆောင်သူ ဦးမျိုးတင့်နိုင်သည် ဇွန်လ ၃ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့် တွင် နေအိမ်၌ရှိနေစဉ် ၎င်းရပ်ကွက်၊ အေ(၆)လမ်း၊ တိုက်(၁၁)၊ အခန်း (၄၀၂)တွင် နေထိုင်သူ အိမ်ရှင်များမှ အိမ်အကူအမျိုးသမီးအား ညှင်းပန်း နှိပ်စက်နေကြောင်း သိရှိရသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံအကြောင်း ကြားပြီးနောက် ဇွန်လ ၄ ရက်နေ့ ညနေ ၄နာရီခွဲအချိန်ခန့်တွင် အဆိုပါ နေအိမ်တိုက်ခန်းသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရန်ရှင်း၊ ရာအိမ်မှူး ဒေါ်ရီရီချို ရပ်မိရပ်ဖများနှင့်အတူ စစ်ဆေးရာ အိမ်ရှင်ဖြစ်သူ ထွန်းထွန်း၊ (၃၃)နှစ်နှင့် ၎င်း၏ဇနီးဖြစ် သူ မမြတ်နိုးသူ၊ (၃၂)နှစ်နှင့် အိမ်အကူ မ—– တို့အားတွေ့ရှိရခဲ့ရပါသည်။
ပူးပေါင်းအဖွဲ့မှ အိမ်အကူမိန်ကလေးအား ကြည့်ရှုစစ်ဆေးရာ ၎င်းတွင် ရင်ဘတ်၊ ကျောကုန်း၊ ၀ဲ/ယာလက်မောင်း၊ ၀ဲ/ ယာပေါင်တို့တွင် မီးအပူ လောင်ဒဏ်ရာများ၊ ဦးခေါင်းနှင့် ၀ဲ/ယာခြေထောက်တို့တွင် ဖူးရောင် ဒဏ်ရာများတွေ့ရှိရသဖြင့် ဒဏ်ရာများနှင့်ပတ်သက်၍မေးမြန်းရာ အိမ်ရှင်ဖြစ်သူ ထွန်းထွန်းနှင့်ဇနီး မမြတ်နိုးသူတို့နှစ်ဦးမှမီးပူဖြင့်ကပ်ခြင်း၊ ရေနွေး ပူဖြင့်လောင်းခြင်းနှင့် တုတ်ဖြင့်ရိုက်နှက်ခြင်းတို့ကြောင့်ရရှိ သောဒဏ်ရာများဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ရပါသည်။
ယင်းကဲ့သို့ အိမ်အကူမိန်းကလေးအား ညှင်ပန်းနှိပ်စက်သူ ထွန်းထွန်းနှင့် မမြတ်နိုးသူတို့နှစ်ဦးကို ဒဂုံမြို့သစ် (ဆိပ် ကမ်း )မြို့မရဲစခန်း(ပ)၆၆၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ၃၂၆/၃၂၅/၁၁၄ဖြင့် အရေးယူဆောင်ရွက်ခဲ့ပါသည်။
၎င်းပြင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနသို့ ကလေးသူငယ်ဥပဒေဖြင့် အရေးယူနိုင်ရေး ဆက်သွယ်ဆောင်ရွက်လျက်ရှိသည့်အပြင် လူကူန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပါပြဌာန်း ချက် များနှင့်ငြိစွန်းမှုရှိ/မရှိ အမှတ်(၆) လူကူန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းစစ်ဆေးဆောင် ရွက်လျက်ရှိကြောင်းနှင့် ဥပဒေပါပြဌာန်းချက်များနှင့် ညှိစွန်းမှုရှိပါက သက်ဆိုင်ရာဥပဒေများဖြင့် ဆက်လက်အရေးယူေ ဆာင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

No comments:

Powered by Blogger.