ဆေးစစ်ချက်အမှားကြောင့် 8နှစ်မှာတည်းက HIV ရှိတယ်ဆိုပြီး အနှိမ်ခံခဲ့ရသူ 😥😥😥 အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ
လူမှုပတ်ဝန်းကျင်တစ်ခုမှာ ဘယ်လောက်ပဲ သဘောထားပြည့်ဝတဲ့သူတွေ ရှိပါတယ်ပြောပြော လူတစ်ယောက်ကို ကူးစ က် နိုင်တဲ့ ရောဂါတစ်ခုခု ရှိတယ်ဆိုရင် သူ့ကိုလည်း ဟက်ဟက်ပတ်ပတ် မဆက်ဆံရဲတော့သလို၊ ကိုယ့်သားသ မီးတွေ လည်း သူ့ဆီကို မသွားကြဖို့၊ ရှောင်ကြဖို့ ပြောမှာ အသေအချာပါဘဲ။
တကယ်လို့ ရောဂါ ရှိတဲ့သူနေရာမှာ ကိုယ်သာဆိုရင်လည်း အားလုံးနီးပါးက ဒီအတိုင်းပဲ ဆက်ဆံကြမှာပါ။ အထူးသဖြင့် HIV-AIDS ရောဂါလို ဟာမျိုးပေါ့။
အခုလည်း ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း Roi-et မှာ နေထိုင်တဲ့ Suthida Saengsumat အမည်ရ အမျိုးသမီးဟာ အသက် 8 နှစ်သမီးအရွယ်ကတည်းက HIV ကူးစက်ခံနေရသူလို့ လွဲမှားစွာ ဆုံးဖြတ်ခံခဲ့ရပါတယ်။ ဒီဆေးစစ်ချက်ကို ထုတ်ပြန်ခဲ့တဲ့ ဌာနကတော့ အများပြည်သူ အားကိုးရတဲ့ Thai Ministry of Public Health ဌာနပဲ ဖြစ်ပါတယ်။ငယ်ရွယ်လှတဲ့ ကလေးဘ၀မှာ မှားယွင်းတဲ့ ဆေးစစ်ချက်က ဆိုးရွားတဲ့အခြေအနေတွေကို ဆက်တိုက်ဖန်တီးခဲ့ပါတယ်။ ကလေးတွေက သူ့ကို ရှောင်ကြဉ်ကြပါတယ်၊ စကားမပြောကြတော့ပါဘူး၊ ဝေးဝေးရှောင်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒီလို အနေအထားမျိုးမှာ နုနယ်လှတဲ့ ကလေးတစ်ယောက်အတွက် ဘယ်လောက် ခံစားရမလဲဆိုတာ သူ့ထက်တော့ ဘယ်သူမှ ပိုမသိနိုင်ပါဘူး။
ထိုစဉ်ကတည်းက အစိုးရက ပေးတဲ့ဆေးတွေကို ပုံမှန်သောက်ခဲ့ရပါတယ်။ အထူးသဖြင့်တော့ ကိုယ်ခံအားမြင့်စေတဲ့ ဆေး တွေ။ ဗိုင်းရပ်တိုက်ဖျက်ရေးဆေးတွေပေါ့။ သူမဟာ လွန်ခဲ့တဲ့ ငါးနှစ်လောက်မှာတော့ ပုဂ္ဂလိကဆေးရုံတစ်ခုမှာ ဆေးစစ် ချက် ခံယူခဲ့ပါတယ်။ ဒီအခါမှာတော့ ၀မ်းသာစရာ သတင်းကောင်းပါ။ သူမ လုံးဝ HIV မရှိပါဘူး။ထိုစဉ်ကတည်းက Suthida ဟာ သောက်ရမယ့်ဆေးတွေ လုံးဝ မသောက်တော့ပဲ ငါးနှစ် ကျော်လွန်သွားချိန်မှာပင် ခင်ပွန်းသည်နဲ့ ပထမဆုံး ကိုယ်ဝန်ကို လွယ်နိုင်ခဲ့ပါတယ်။ သူမရဲ့ ခင်ပွန်းသည်နဲ့ ကလေးတွေကို ထပ်မံသွေး စစ်တဲ့ အခါမှာ လည်း ရောဂါမတွေ့ခဲ့ရပါဘူး။ လက်ရှိအချိန်ထိတော့ မှားယွင်းတဲ့ဆေးစစ်ချက်ကို အတည်ပြုပေးခဲ့တဲ့ ဆရာ ၀န်ကြီးရဲ့ အမည်ကို ထုတ်ပြန်ထားခြင်းတော့ မရှိပါဘူး။

No comments: