တဏှာလေကရဲ့အမိုက်အမှောင်ကြောင့် လိင်တူတောင်အလွတ်မပေးတော့တဲ့ ငမိုက်သားတစ်ဦးရဲ့ဖြစ်ရပ်

ကသာ မေ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် အောင်မေတ္တာရပ်ကွက်မှာ မေလ ၃၀ ရက် ညပိုင်းက အသက် ၁၁ နှစ်အရွယ် ယောက်ျားလေးတဦးကို အသက်၂၇ နှစ်အရွယ်အမျိုးသားက အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ အင်းတော်မြို့မရဲစခန်းမှူး ဒုရဲမှူးသက်တင်ဦးက ပြောပါတယ်။
မေလ ၃၀ ရက် ည ၁၀ နာရီလောက်မှာ ပုရစ်သွားကောက်တဲ့ ၁၁ နှစ်အရွယ် ကလေးကို ဖြူးမြို့နယ်၊ ကြက်ပေါင်းချောင်းရွာနေ ကိုစိုင်းက အောင်မေတ္တာရပ်ကွက်ရှိ အေးရိပ်သာဓမ္မာရုံအနီး သရက်ပင်ကြီးအောက်ကို ခေါ်ကာ အလိုမတူဘဲ ဓမ္မတာအတိုင်းမဟုတ်ဘဲ အဓမ္မပြုကျင့်ခဲ့တာကြောင့် အရေးယူပေးဖို့ မိခင်ဖြစ်သူက တိုင်ကြားထားကြောင်း ဒုရဲမှူးသက်တင်ဦးက ပြောပါတယ်။
အင်းတော်မြို့မရဲစခန်းက ပြစ်မှုကျူးလွန်တဲ့ ကိုစိုင်းကို ရာဇသတ်ကြီးပုဒ်မ ၃၇၇ နဲ့ အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
Ref :: ကိုကိုလင်း(အင်းတော်)
#နိုင်ငံတော်မှတ်ကြီး

No comments: