Breaking News! အလောင်းတွေ စရှာတွေ့ပြီတဲ့.. စိတ်မကောင်းပါဘူးဗျာ... 🙁🙁🙁🙁
ပျောက်ဆုံးနေသည့် တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်နှင့်ပတ်သက်သည့် အစိတ်အပိုင်းနှင့် ရုပ်အလောင်းတချို့ စတင်တွေ့ရှိပြီးလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး Facebook စာမျက်နှာတွင် ထုပ်ပြန်ထားပါတယ်။
ဇွန်လ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် အဆက်အသွယ်ပြတ်တောက်သွားခဲ့သည့် တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်၏ အစိတ်အပိုင်းတချို့နှင့် ရုပ်အလောင်းတချို့အား ယနေ့ နံနက် ၈ နာရီ ၁၈ တွင် ကျောက်နီမော်ကျေးရွာ၏ အနောက်ဘက် ၁၄ မိုင်၊ လောင်းလုံမြို့၏ အနောင်တောင်ဘက် ၂၂ မိုင် ပင်လယ်ပြင်အတွင်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေတွေ့ရှိခဲ့သည်။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသည့် အမြန်သွားတိုက်ခိုက်ရေး စစ်ရေယာဉ်တစ်စီးက အဆိုပါနေရာတွင် လေယာဉ်ဘီးဟု ယူဆရသည့် တာရာကွင်းတစ်ခု၊ အမျိုးသားရုပ်အလောင်း တစ်လောင်း၊ အမျိုးသမီးရုပ်အလောင်း တစ်လောင်း၊ ကလေးရုပ်အလောင်း တစ်လောင်း နှင့် အသက်ကယ်အကျီင်္ ၂ ထည်၊ အ၀တ်အစားထည့်သည့် အိတ်တချို့အား ဆယ်ယူရရှိခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Source: https://www.facebook.com/Cincds/posts/1355240734596788

No comments: