တော်ဘုရားနောင် သို့မဟုတ် အတုယူဖွယ်ရာပရဟိတလူသား

ကနောင်မင်းဆိုတာ မြန်မာတစ်နိုင်ငံလုံးသိကြတဲ့
မြန်မာရာဇဝင်ထဲမှ သူရဲကောင်းတစ်ဦးဖြစ်ပါတယ်။
မင်းတုန်းမင်းတရားကြီးလက်ထက်က သူ မတူအောင်အရည်အချင်းများစွာနှင့်ပြည့်စုံသော
အိမ်ရှေ့စံကနောင်မင်းဖြစ်ပါတယ်။
အဆိုပါ ကနောင်မင်းရဲ့ မျိုးနွယ်ဝင် တဦးလည်း ဖြစ်တဲ့ တော်ဘုရားနောင်လို့လည်း သိကြတဲ့ ဒေါက်တာစိုးရန်နောင်ဆိုတဲ့ ဆရာဝန် လေးဟာလည်း
မျိုးရိုးဂုဏ်နဲ့အတူ တတ်နိုင်သော ပရဟိတအလုပ်များကို လုပ်ကိုင်နေသောလူငယ်တစ်ဦးဖြစ်ပါတယ်။
စေတနာကိုအရင်းခံ မေတ္တာတရားကိုအခြေတည် ကရုဏာအပြည့်ဖြင့်
တော်ဘုရားနောင်ပရဟိတကွန်ယက်ကိုတည်ထောင်ပီး
တတ်ကျွမ်းသင်ယူထားသော ဆေးပညာအတတ်ဖြင့် နယ်ပယ်ဒေသအစုံကို တတ်နိင်သမျှသွားရောက် ကုသိုလ်ယူဒါနပြုကာ ပရဟိတအလုပ်ကိုလုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။
မာန်မာနမရှိ စိတ်ထားဖြူစင်မှု့နဲ့ ကူညီတတ်သောစိတ်လေးကို အတိုင်းသားမြင်တွေ့ရပါတယ်
၂၀၁၆ ခုနှစ်အတွင်းတုန်းကလည်း
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်အတွင်း ၂ ကြိမ်
မြောင်းမြမြို့နယ်အတွင်း ၂ ကြိမ်
ဆင်ပေါင်ဝဲမြို့နယ်အတွင်း ၁ကြိမ်
မြိုင်ကြီးငူအထူးဒေသ သို့ ၂ ကြိမ်
မြဝတီမြို့နယ်အတွင်း ၁ ကြိမ်
ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခွင်တွင်လည်း ၃ကြိမ် သွားရောက်ပရဟိတလုပ်ငန်းများလုပ်ကိုင်ခဲ့ပါတယ်။
ယခု ၂၀၁၇ ခုနှစ်မှာလည်း ပုဂံဒေသကိုသွားရောက်ပီးတော့ ပရဟိတတွေပြုလုပ်ခဲ့ပါတယ်။
အဆိုပါမြို့ရွာတွေကို #တော်ဘုရားနောင်တကိုယ်တော်ပရဟိတကွန်ယက် ဆိုပြီး စစ်ဘေး ၊ သဘာဝဘေး ၊ ဒေသန္တရလိုအပ်ချက် ဖြည့်ဆည်းပေးရေး စတဲ့ ပုံစံအမျိုးမျိုးနဲ့ ဖြစ်အောင်သွားရောက် ကူညီနိုင်ခဲ့ပါတယ်။
ယခုလက်ရှိအချိန်တွင် ကိုယ်ပိုင်စီးပွားဖြစ်ဆေးခန်းဖွင့်လှစ်ထားကာ ကွန်ယက်အနေနှင့်ကတော့ အကြောင်းကိစ္စရှိမှသွားဖြစ်ပီး စီစဉ်ထားသောခရီးစဉ်တွေလည်းရှိတယ်လို့သိရပါတယ်။
ယခုအခါ ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့တွင် တော်ဘုရားနောင်ဆေးခန်းဖွင့်လှစ်ထားပါတယ်။
လူငယ်များအတွက် အတုယူစရာ ကောင်းတဲ့
မြန်မာ့ရာဇဝင်ထဲမှ ကနောင်မင်းရဲ့ မျိုးနွယ် တော်ဘုရားနောင် (ဒေါက်တာစိုးရန်နောင်) ရဲ့ အကြောင်းကို MFS မှ တင်ဆက်ပေးလိုက်ရပါတယ်။
ဆရာဝန်လေးရဲ့ ပရဟိတစိတ်ထားကိုလေးစားတယ်ဆို Share လေးနဲ့ ဂုဏ်ပြုလိုက်ကြရအောင်နော်။
တော်ဘုရားနောင်ပရဟိတကွန်ယက်ကိုလည်း ဆက်သွယ်လှုဒန်းကြပါလို့တိုက်တွန်းပါရစေ။
#MFS
#MyanmarFamousStars

No comments: