S

ပုံ​လေးကိုတစ်​ချက်​နှိပ်​​ပေးခဲ့​နော်​​ကျေးဇူးတင်​ပါတယ်​။

၁၀တန်းမအောင်သဖြင့်ကျောင်းသူတဦးရေထဲခုန်ချ

#၁၀တန်းမအောင်သဖြင့်ကျောင်းသူတဦးရေထဲခုန်ချ

ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့ နယ်မှာ    ဆယ်တန်းမအောင်တာကြောင့် ကျောင်းသူတဦး ရေထဲခုန်ချမှုတခု ဇွန် ၁၇ ရက်နေ့က  ဖြစ်ပွားခဲ့ပါတယ်။၏

ဖြစ်စဉ်မှာ ဆိပ်ကြီးခနောင်တိုမြို့နယ် ဆမား ၄ ရပ်ကွက်နေ မဝင်းပပထွန်း (အသက် ၁၉) နှစ်ဟာ အောင်စာရင်းကြည့်ပြီးအပြန် မနက် ၃ နာရီဝန်းကျင်မှာ ဆိပ်ကြီး စက်သမ္မာန်စက်အနီးရှိ ရေထဲကို ခုန်ချခဲ့တာပါ။

ဒါပေမယ့်အနီးအနားမှာ ရှိတဲ့ လူတွေက ဝိုင်းဝန်းဆယ်ခဲ့တာကြောင့် အသက်သေဆုံးမှု တော့ မဖြစ်ခဲ့ပါဘူး။

“ကောင်မလေးက အဖေမရှိတော့ဘူး အမေကလည်း နောက်အိမ်ထောင်နဲ့ဆိုတော့ အဒေါ်တွေနဲ့နေတာ။ တခါတရံတော့ သူအမေလာနေတယ်။ ဆယ်တန်းဖြေတာ ၃ နှစ်ရှိပြီ လက်ရှိမှာ အလုပ်လုပ်နေတာ။ စာမေးပွဲဖြေတုန်းကတော့ ဖြေနိုင်တယ်ဆိုပြီး ဝမ်းသာနေသေးတာတော့တွေ့တယ်လို့” အိမ်နီးချင်းတဦးက ဆိုပါတယ်။

သတင်းနှင့်ဓာတ်ပုံ – ပြည့်ဘုန်းအောင်
DBV

No comments:

Powered by Blogger.