S

ပုံ​လေးကိုတစ်​ချက်​နှိပ်​​ပေးခဲ့​နော်​​ကျေးဇူးတင်​ပါတယ်​။

ကော့ကရိတ်မြို့နယ်၌ မူးယစ်အမှုဖြင့် တရားစွဲခံထားရသည့် အချုပ်သား အမျိုးသမီးအား ရုံးထုတ်ပြီးအပြန် သေနတ်ကိုင်ဆောင်ထားသည့် လူတစ်စုက ရဲတပ်ဖွဲ့ထံမှ ပြန်လည်လုယူမှုတွင် သေနတ်ဒဏ်ရာကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကာ အချုပ်သားလွတ်မြောက်မှုဖြစ်ပွား

မူးယစ်ဆေးဝါးအမှုဖြင့် တရားစွဲဆိုခံထားရသည့် အချုပ်သားအမျိုးသမီးအား ရုံးထုတ်ပြီး အကျဉ်းထောင်သို့အပြန်တွင် လူတစ်စုက ပြန်လည်လုယူရာမှ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးမှု ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် မေ ၂၉ ရက်က ဖြစ်ပွားခဲ့ကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ကော့ကရိတ် အချုပ်ထောင်တွင် ချုပ်နှောင်ထားရှိသည့် မူးယစ်ဆေးဝါးတရားခံ ဒေါ်သန်းသန်းဝင်းအား ဘားအံခရိုင်တရားရုံးသို့ မေ ၂၉ ရက်နံနက် ၉ နာရီခွဲက ရုံးထုတ်စစ်ဆေးရန် ဟွန်ဒါဖစ်အဖြူရောင် မော်တော်ယာဉ်ဖြင့် ခေါ်ဆောင်ခဲ့ပြီး တရားရုံးစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက်တရားရုံး စစ်ဆေးပြီးနောက် ညနေ ၅ နာရီခန့်တွင် ဘားအံမြို့မှ ကော့ကရိတ် အချုပ်ထောင်သို့ ဒေါ်သန်းသန်းဝင်းအား ယာဉ်မောင်းအပါဝင် ရဲတပ်ဖွဲ့ဝင်သုံးဦးက လက်နက်မပါဘဲ ပြန်လည်ခေါ်ဆောင်ခဲ့ရာ ညနေ ၆ နာရီခွဲခန့်တွင် ကော့ကရိတ်မြို့နယ် ရေပူကြီးကျေးရွာအုပ်စု ကျုံဒိုး-ကော့ကရိတ် ကားလမ်းအရောက်တွင် မူးယစ်ဆေးဝါးမှုဖြင့် တရားစွဲဆိုခံထားရသူမှ ၎င်း၏မိခင်အား နှုတ်ဆက်ချင်သည်ဟု ပြောကြားခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များက နေအိမ်ရှေ့အရောက် ယာဉ်ကိုရပ်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဒေါ်သန်းသန်းဝင်းအား ခေါ်ဆောင်ပြီး ဒုရဲအုပ်စိုင်းမျိုးဝင်းနှင့် ရဲတပ်ကြပ်သိန်းဦး၊ ရဲတပ်ကြပ်ဝင်းထွန်းတို့မှ လိုက်လံပို့ဆောင်စဉ် ဒေါ်သန်းသန်းဝင်းမှာ နေအိမ်အတွင်းသို့ ပြေးဝင်သွားသဖြင့် ရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးရာ နေအိမ်အနောက်တွင် အနက်ရောင် အင်္ကျီဘောင်းဘီများ ၀တ်ဆင်ထားသည့် လူငါးဦးက ရဲတပ်ဖွဲ့ဝင်များအား သေနတ်ဖြင့်ချိန်ရွယ်ပြီး ဒေါ်သန်းသန်းဝင်းအား ခေါ်ထုတ်သွားခဲ့ကြောင်း သိရသည်။
ယင်းသို့ခေါ်ထုတ်သွားသဖြင့် ဒုရဲအုပ်စိုင်းမျိုးဝင်းက သေနတ်ကိုင်ထားသူအား ၀င်ရောက်လုံးထွေးရာ သေနတ်ကိုင်ဆောင်ထားသူက သေနတ်ဖြင့် သုံးချက်ပစ်ခတ်ခဲ့ကြောင်း၊ ရဲတပ်ကြပ် သိန်းဦးနှင့် ရဲတပ်ကြပ် ၀င်းထွန်းတို့က အခြားသူနှစ်ဦးအား လုံးထွေးဖမ်းဆီးစဉ် ၎င်းတို့မှသေနတ်ဖြင့် ပစ်ခတ်သဖြင့် ရဲတပ်ကြပ်ဝင်းထွန်းမှာ ၀မ်းဗိုက်ဖောက်ထွက် ဒဏ်ရာနှစ်ချက်ရရှိပြီး ကော့ကရိတ်ဆေးရုံသို့ အတွင်းလူနာအဖြစ် တက်ရောက်ကုသစဉ် ည ၈ နာရီကျော်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ အချုပ်သားအား လုယူခဲ့သည့်လူတစ်စုမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးဘဲ မူးယစ်ဆေးဝါးအမှုဖြင့် တရားစွဲဆိုခံထားရသည့် အချုပ်သား ဒေါ်သန်းသန်းဝင်းမှာလည်း ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကာ ဖမ်းဆီးနိုင်ရန် အေချုပ်သားကို လုသွားတဲ့လူတစ်စုက ဘယ်သူတွေလည်းဆိုတာ မသိသေးပါဘူး။ သေနတ်ဒဏ်ရာကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားပါတယ်။ အချုပ်သားလည်း လွတ်နေပါတယ်။ မမိသေးပါဘူး။ အမြန်ဆုံး ဖမ်းဆီးနိုင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု ရဲမှူးကြီး ကြည်လင်းက ပြောကြားသည်။
Writer: 
ဥာဏ်ဝင်းရှိန်၊ အောင်မျိုးသန့်ဆာင်ရွက်နေကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းက မေ ၃၀ ရက်က ပြောကြားသည်။

No comments:

Powered by Blogger.