ပွဲစားမှတဆင့် မြန်မာမယားရှာသူ တရုတ်အမျိုးသား မိန်းမလျာနဲ့တိုး

==============================
==============================
အသက်၂၅နှစ်အရွယ် တရုတ်အမျိုးသား ကျောက်ဂန်းသည် ဖူးစာရှင်ရှာပေးသူ ပွဲစားတဦး၏အကူအညီဖြင့် မြန်မာအမျိုးသမီးတဦးနှင့် တွေ့ဆုံခွင့်ရခဲ့သည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ် လုံးလင်(Long Ling) ခရိုင်တွင်မူကား သက် ၂၅နှစ်အရွယ်သည် အိမ်ထောင်ပြုရန်အတွက် နောက်ကျနေပြီဖြစ်သည်။ မိဘများ၏ တိုက်တွန်းမှုကြောင့် ဖူးစာရှင်ပွဲစား လီချင်းမှတဆင့် မြန်မာအမျိုးသမီးလေးတဦးနှင့် တွေ့ဆုံခွင့်ရခဲ့သည်။
မြန်မာအမျိုးသမီးလေးသည် တရုတ်စကားကိုသွက်လက်စွာမပြောနိုင်သော်လည်း ခေတ်ဆန်ပြီးလှပသူတဦးဖြစ်သည်။သူတို့နှစ်ဦးအကြား ဘာအခက်အခဲမှမရှိခဲ့ချေ။ မင်္ဂလာဝတ်စုံအတွက် ယွမ် ၃၆၀၀၊အမျိုးသမီးကို တင်တောင်းရန်ယွမ်၂၀၀၀၀၊ ပွဲစားခ ယွမ် ၁၆၀၀၀ တို့ကို ပေးရန် ကျောက်ဂန်းက သဘောတူခဲ့သည်။
မေ ၆ ရက်နေ့တွင် မင်္ဂလာမဆောင်ခင် ကျန်းမာရေးစစ်ဆေးရန် ကျောက်ဂန်းက တောင်းဆိုသောအခါ မိန်းကလေးဘက်မှ ငြင်းဆန်ခဲ့သည်ဟုဆိုသည်။ ထိုအတောအတွင်း အမျိုးသမီးလေးနှင့် သူ၏မိခင်တို့သည် သတို့သားနေအိမ်တွင်ပင် နေထိုင်ခဲ့ကြသည်။ ပွဲခပေးချေပြီးသည့်နောက် ပွဲစားမှာ ပျောက်ဆုံးသွားခဲ့သည်။
သို့ဖြစ်၍ ကျောက်ဂန်းက အမျိုးသမီးလေးအား
ဆေးရုံသို့ခေါ်ဆောင်သွားပြီး ဆေးစစ်သည့်အခါမှာတော့ အမျိုးသမီးက သတို့သားလောင်းကို ကန်ကျောက်ထုရိုက်ကြောင်း ထိုသို့ပြုမူသဖြင့် သူမအား မလိုလားတော့ကြောင်း ပွဲစားထံဖုန်းဖြင့်ဆက်သွယ်ပြောဆိုခဲ့ပြီးနောက် မေလ ၁၀ ရက်တွင် သားအမိနှစ်ဦးသည် မပြောမဆိုနှင့် ကျောက်ဂန်း၏ နေအိမ်မှထွက်ခွာသွားခဲ့သည်။
သတို့သားလောင်းသည် ငွေပြန်မရမည်စိုးသဖြင့် ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့သည်။
တရုတ်ရဲတပ်ဖွဲ့မှ သတို့မီးလောင်းတို့ သားအမိအား ရဲစခန်းသို့ ခေါ်ဆောင်စစ်ဆးသည့်အခါကျမှ သတို့သမီးလောင်းမှာ အမျိုးသားတဦးဖြစ်နေမှန်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
၎င်းတို့သားအမိသည် လားရှိုးကဖြစ်သည်ဟုဆိုသည်။ သတို့သမီးလောင်းသည်ငယ်စဉ်ကတည်းက အမျိုးသမီးတဦးလိုဝတ်ဆင်ရသည်ကိုနှစ်သက်သလို၊ တရုတ်ပြည်မှာနေထိုင်ဖို့အတွက် သူ၏ယောက်ကျားဘ၀ကို လျှို့ဝှက်ထားခဲ့ခြင်းဖြစ်ကြောင်း စခန်းမှာဝန်ခံခဲ့သည်။
ပွဲစား လီချင်းကိုယ်တိုင်ကလည်း ၎င်းသည် ယောက်ကျားလေးမှန်းမသိခဲ့ကြောင်း ပွဲခ ယွမ ၁၆၀၀၀ ကိုလည်း ပြန်ပေးခဲ့ကြောင်း လက်ရှိတွင် သားအမိနှစ်ဦးအား ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
=================
သက်
News Watch

No comments: